1. Home
  2. Movie Stars - Celebrity

စစ်မှန်တဲ့မေတ္တာတွေကြောင့် ဘ၀ကြီးကပျော်စရာကောင်းတယ်ဆိုတဲ့ စန္ဒီမြင့်လွင်

Movie Stars - Celebrity ก.ค. 03, 2561 view 1,519

ဒီးဒီလို့ အများကသိကြတဲ့ ရက်ပါအဆိုတော်မလေး စန္ဒီမြင့်လွင်က လက်ရှိမှာတော့ ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထားသူလေးတစ်ယောက်ဖြစ်ပါတယ်။ အရမ်းချစ်ပြီး အလိုလိုက်တတ်တဲ့ ခင်ပွန်းဖြစ်သူကို ရရှိထားတဲ့ဒီးဒီကတော့ မိန်းကလေးတိုင်းအားကျရတဲ့ ကံကောင်းသူလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးပေမယ့်လဲ ဂီတအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်လျက်ရှိတဲ့ သူမက ပျော်စရာကောင်းတဲ့ဘ၀ကြီးမှာနေနေရလို့ အရမ်းကိုစိတ်ချမ်းသာနေပါတယ်တဲ့။ သူမရဲ့ဘ၀မှာ အပေါ်ယံတွေမပါပဲ စစ်မှန်တဲ့အချစ်တွေပေးတဲ့ မိတ်ဆွေအပေါင်းအသင်းတွေ ရှိနေရင် ကျေနပ်ပါတယ်ဆိုပြီး ရေးသားထားပါတယ်။ 

“ဒီဒီ ရဲ့ ဘဝမှာအလိုအပ်ဆုံးက မရှိမဖြစ် 
မြတ်စွာဘုရားရယ်
မိဘနှစ်ပါး
ညီအကိုမောင်နှစ်မဆွေမျိုးများ
ချစ်တဲ့ပရိတ်သတ်
ကိုယ့်ကိုအရမ်းချစ်တဲ့ကိုယ့်ယောကျာ်း
အပေါ်ယံပကာသနတွေမပါတဲ့အချစ်နဲ့ ချစ်ပေးတဲ့သူငယ်ချင်းမိတ်ဆွေတွေရှိရင်ရပါပီ၊ ရှိလဲရှိနေပါပီ” ဆိုပြီး ရေးသားထားပါတယ်။

လူတိုင်းကိုမေတ္တာစစ် မေတ္တာမှန်နဲ့သာ ပေါင်းသင်းဆက်ဆံတဲ့အတွက်ကြောင့် မိတ်ဆွေအစစ်အမှန်များလဲ သူမဘ၀မှာ ရှိနေပါပြီတဲ့… ပကာသနတွေနဲ့ပေါင်းတဲ့သူတွေ မရှိတာကြောင့် ဘ၀ကြီးက စိတ်ချမ်းသာစရာကောင်းတယ်ဆိုပြီး သူမပျော်ရွှင်နေကြောင်းကိုလည်း ဆက်လက်ရေးသားထားပါတယ်။

“အပေါ်ယံပကာသနနဲ့ တော့ပေါင်းသင်းတဲ့သူတွေမလိုအပ်ဘူးလေနော် ကိုယ်ကအစစ်ပဲပေးတက်တာဆိုတော့လူတိုင်းလဲမချစ်နိုင်ဘူး စီးပွားတွက်တွက်ပီးလဲမပေါင်းတက်ဘူးလူတွေကို ဆိုတော့ခုနေရတဲ့ဘဝမှာသိပ်စိတ်ချမ်းသာတာပဲ….ချစ်တဲ့သူတွေအများကြီးနဲ့ အစစ်အမှန်တွေနဲ့ ပျော်စရာကောင်းလိုက်တာ” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားတာဖြစ်ပါတယ်။

အဆိုတော် စန္ဒီမြင့်လွင်က မကြာသေးခင်ကပင် ချစ်ရတဲ့ခင်ပွန်းနဲ့အတူတူ သာသနာ့ဘောင်ထဲမှာ ၅ရက်တိတိ ဘုရားသမီးတော်အဖြစ် ပထမဆုံးအကြီမ်ခံယူခဲ့ပါသေးတယ်။ မတ်လ (၄)ရက်နေ့မှာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တဲ့ စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံနှစ်ယောက်ဟာ ကလေးယူဖို့အစီအစဉ်တော့ မရှိသေးပါဘူးလို့ဆိုပါတယ်.... ဒီးဒီကတော့ စိတ်ထားလေးလဲ ကောင်းသလို၊ ကံလဲကောင်းတဲ့ မိန်းကလေးပါပဲနော် ပရိသတ်ကြီးရေ.....

 

 

 

 



Follow us on