1. Home
  2. Myanmar News

ရန်ကုန်ဆေးရုံကြီးရှိ စည်းကမ်းမဲ့ဈေးသည်များ မထိန်းချုပ်နိုင်တော့ကြောင်းရှင်းလင်း

Myanmar News ก.ค. 03, 2561 view 1,515

ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းတွင် စည်းမဲ့ကမ်းမဲ့ရောင်းချသော ဈေးသည်များကြောင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များတွင် များစွာ အခက်အခဲများ ဖြစ်ပေါ်နေပြီး ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း ဆေးရုံကြီးမှ တာဝန်ရှိသော ဆရာဝန်ကြီးများက သတင်းမီဒီယာများကို ဖိတ်ခေါ်ကာ ရှင်းလင်းပြောဆိုခဲ့သည်။

စည်းမဲ့ကမ်းမဲ့ ဈေးရောင်းချမှုများကြောင့် ကြွက်၊ ခြင်၊ ယင် ပိုးမွှားများ တိုးပွားနေကြောင်း၊ ဈေးသည်များသည် ဆေးရုံကြီးတွင် ဈေးရောင်းရုံတင်မျှမကပဲ ဆေးရုံကြီး၏ ရေချိုးခန်းများကို သုံးစွဲခြင်း၊ ဆေးရုံအဆောက်အဦးများတွင် ကျုးကျော်ဝင်ရောက်နေထိုင်ခြင်း၊ အဝတ်အစားများလှန်းခြင်းများ ပြုလုပ်နေကြောင်း ဆေးရုံအုပ် ဒေါက်တာဒေါ်ခင်သိင်္ဂီမြင့်က ပြောကြားသည်။

ယခုပြဿနာအား ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း တို့အားလည်း တင်ပြခဲ့ကြောင်း၊ သို့သော်လည်း စည်ပင်သာယာအဖွဲ့များမှ စည်းမဲ့ကမ်းမဲ့ဈေးသည်များကို ခေတ္တခဏမျှသာ ရှင်းပေးနိုင်သောကြောင့် ယခုကဲ့သို့သတင်းမီဒီယာများကို ခေါ်ယူရှင်းလင်း ပြောကြားရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။


ဒီမှာကအလှူအတန်းတွေလည်းများတယ်။ ဒါ့ကြောင့်နေစရာလည်း အလကားရတယ်။ စားစရာလည်း အလကားရတယ်။ ဒီလိုရောနှောနေထိုင်တဲ့ သူခိုးတွေ၊ ခါးပိုက်နှိုက်တွေလည်းရှိတယ်။ နောက်ပြီး လူနာပွဲစားတွေလည်းရှိတယ်။ ဒီကိစ္စတွေကို ရှင်းကိုရှင်းရမယ့် အနေအထားရောက်နေပြီဆိုတာ ပြည်သူလူထုကို ချပြတဲ့သဘောပါ”ဟု ရန်ကုန်ဆေးရုံကြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်ကြီးက ဆိုသည်။

သတင်း/ဗီဒီယို - MyanmarNow

ဓါတ်ပုံ - MyanmarTimes
 



Follow us on