1. Home
  2. Special or Others

ဝက်ဝံတိုက်ခိုက်မှုကြောင့် လင်မယားနှစ်ယောက်သေဆုံး ၇ ဦးဒဏ်ရာရ

Special or Others ก.ค. 04, 2561 view 2,141

အိန္ဒိယနိုင်ငံက သစ်သီးခြံတစ်ခြံမှာ အလုပ်လုပ်ကိုင်နေတဲ့ ဇနီးမောင်နှံနှစ်ဦးကို တောရိုင်းဝက်ဝံကြီးတစ်ကောင်က ခြံထဲဝင်ကာ ကုတ်ဖဲ့တိုက်ခိုက်မှုကြောင့် လူသုံးဦးထက်မနည်း အပြင်အထန်ဒဏ်ရာများ ရရှိခဲ့သည်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က အိန္ဒိယနိုင်ငံတောင်ပိုင်း ယာရာမူခမ်းကျေးရွာရှိ သိဟိုဠ်ခြံတစ်ခြံတွင် အသက် ၅၀ နှစ်အရွယ် Baipilli Urvasi ဆိုသူအမျိုးသမီးက အမှိုက်စွန့်ပစ်ရန် ခြံ၏အစပ် တောစပ်နားကို သွားရာ ဝက်ဝံအနက်ကြီးတစ်ကောင်က ပြေးဝင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ခင်ပွန်းဖြစ်သူ အသက် ၅၅ နှစ်အရွယ် Tirupathi Rao က ဇနီးသည်အား ဝင်ကူရင်း နှစ်ဦးစလုံးကို ဝက်ဝံက အသေအကြေတိုက်ခိုက် ကုတ်ဖဲ့ခဲ့ခြင်းဖြစ်သည်။

ရွားသားများက ဝက်ဝံတိုက်ခိုက်ခြင်းခံနေရသော လင်မယားကို ဝိုင်းဝန်းကူညီနေစဉ် ဝက်ဝံက ရွာသားတစ်ဦးကို ထပ်မံခုန်အုပ်ကာ မြေပြင်ပေါ်လှဲချပြီး လက်တွေကို ကုတ်ခြစ်ကိုက်ဖဲ့နေခဲ့သည်။ ရွာသားများက ခဲနဲ့ပေါက် တုတ်ရှည်များနဲ့ ဝိုင်းရိုက်ခဲ့တာကြောင့် နောက်ဆုံးမှာ ဝက်ဝံသေဆုံးသွားခဲ့သည်။

ရွာအနီးနားကို ဝက်ဝံက မကြာခဏလာတတ်ကြောင်း သတင်းပို့ပေမယ့် သက်ဆိုင်ရာက ဘာမှမလုပ်ပေးဘူး” ဟု ရွာသားတစ်ဦးက ပြောဆိုခဲ့သည်။
ဝက်ဝံတိုက်ခိုက်မှုမှာ လင်မယားနှစ်ယောက်လုံး သေဆုံးခဲ့ပြီး ဝင်ရောက်ကူညီကယ်ဆယ်ခဲ့သူ ၇ ဦးဒဏ်ရာရရှိခဲ့ကာ သူတို့ထဲမှ လူသုံးယောက်ကတော့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသွားတဲ့ လင်မယားနှစ်ယောက်အတွက် လျော်ကြေးငွေကို မိသားစုများထံပေးအပ်သွားမယ်လို့ သစ်တောခေါင်းက ပြောဆိုခဲ့သည်။
 



Follow us on