1. Home
  2. Special or Others

သံပန်းပေါက်က ပြုတ်ကျခဲ့တဲ့ လူမမယ်ကလေးရဲ့ ထိတ်လန့်ဖွယ် ရုပ်သံ

Special or Others ก.ค. 05, 2561 view 2,108

အသက် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦးဟာ အထပ်မြင့်နေအိမ် တိုက်ခန်းရဲ့ ပြတင်းပေါက် သံပန်းတိုင်တွေကြားထဲ ထွက်ကျခဲ့ပါတယ်။ ဒါပေမယ့် ဦးခေါင်းနဲ့ တစ်နေတဲ့အတွက် အောက်ကို ပြုတ်ကျမသွားခဲ့သော်လည်း တန်းလန်းကြီး မချိမဆံ့ခံစားနေရတဲ့ မြင်ကွင်းဟာ အသည်းထိတ်စရာကောင်းပါတယ်။

ကလေးကို နေအိမ်မှာ တစ်ယောက်ထဲ သော့ပိတ်ထားခဲ့တဲ့အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မြေပြင်ကနေ ၁၀ ပေကျော်လောက် မြင့်တာမို့ အလွယ်တစ်ကူ ချက်ချင်းကယ်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ကလေးဟာ လေထဲမှာ တန်းလန်းကြီးနဲ့ အတော်လေး ရုန်းကန်နေရပါတယ်။

နောက်ဆုံးမှာ အိမ်နီးချင်းတစ်ဦးက တံးခါးကို ချိုးဖျက်ပြီး ဝင်ရောက်ကယ်ဆယ်ခဲ့တာမို့ အသက်ချမ်းသာရာရခဲ့ပါတယ်။ မိဘတွေအနေနဲ့ လူမမယ်ကလေးငယ်တွေကို ဘယ်လိုအကြောင်းမျိုးနဲ့မှ တစ်ယောက်ထဲ ထားခဲ့ဖို့ မသင့်တော်ပါဘူး။



Follow us on