1. Home
  2. Special or Others

သတင်းအတုများကို တားဆီးနိုင်မည့် အကြံဉာဏ်ကောင်းပေးနိုင်သူအား ဒေါ်လာ ၅ သောင်း ဆုချီးမြှင့်မည်

Special or Others ก.ค. 06, 2561 view 1,516

လူမှုကွန်ယက်အွန်လိုင်းပေါ်တွင် သတင်းအတုများ ပျံ့နှံ့မှုဟာ ပြင်ပလောကတွင်ပါ အကျိုးဆက်များ သက်ရောက်မှု ဖြစ်နေသည့်အတွက် သတင်းအတုအယောင်များကို ပိတ်ပင်တားဆီးနိုင်မည့် အကြံဉာဏ်ကောင်း ပေးနိုင်သူအား ဒေါ်လာ ၅၀,၀၀၀ ချီးမြှင့်မည်ဟု WhatsApp က ကြေညာထားသည်။

ပြီးခဲ့သည့် မေလအတွင်းက အိန္ဒိယနိုင်ငံ၏ လူမှုကွန်ယက်ပေါ်တွင် သတင်းအမှားတစ်ခု ပျံ့နှံ့ခဲ့ပြီး အကျိုးဆက်အနေနဲ့ အနည်းဆုံး လူ ၂၀ ဦးခန့် သေဆုံးခဲ့သည်။ အများအားဖြင့် ကျေးလက်တောနယ်တွင် နေထိုင်ကြသူများမှာ သတင်းအမှားများကို ယုံလွယ်ကြသူများဖြစ်ပြီး ဒေါသအလျှောက် လုပ်ဆောင်ခဲ့တာကြောင့် ဆိုးကျိုးများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ WhatsApp မက်ဆေ့မှတစ်ဆင့် ကလေးသူငယ်များအား လူကုန်ကူးနေသူဟု အမျိုးသမီးတစ်ဦး၏ ပုံနဲ့အတူ သတင်းများပျံ့နှံ့ခဲ့ပြီးနောက် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုကို ဗီဒီယိုရိုက်ကာ WhatsApp ပေါ်မှာပင် ထပ်မံ ဖြန့်ခဲ့ကြသည်။

အိန္ဒိယအစိုးရက ဖြစ်စဉ်အတွက် ချက်ခြင်းဖြေရှင်းပေးရန် WhatsApp ပေးရန် တောင်းဆိုခဲ့သည်။ ဒါအပြင် တိုက်ခိုက်ခံခဲ့ရသူများဟာ အပြစ်မရှိသူများဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ဆက်သွယ်ရေးနဲ့ နည်းပညာဝန်ကြီးဌါနက ဒီလိုမက်ဆေ့မျိုးတွေဟာ တာဝန်မဲ့ပြီး ပေါက်ကွဲစေနိုင်တဲ့ မက်ဆေ့များဖြစ်ကြောင်း ကြေညာချက်မှာဖော်ပြခဲ့သည်။

WhatsApp ကို Facebook က ပိုင်ဆိုင်ထားပြီး အခုလိုအဖြစ်မျိုးတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိရမယ်၊ ဒီလိုအဖြစ်ဆိုမျိုးတွေကို အဆုံးသတ်နိုင်ဖို့ ချက်ခြင်းလုပ်ဆောင်ပါ ဟု အစိုးရက အသိပေးပြောကြားခဲ့သည်။

ဒီအတွက် သတင်းအတုများကို တားဆီးနိုင်ဖို့ အကြံကောင်းဉာဏ်ကောင်းများ ပေးနိုင်သူအား ဒေါ်လာ ၅၀,၀၀၀ ချီးမြှင့်မည်ဟု WhatsApp က ကြေညာထားသည်။
 



Follow us on