1. Home
  2. Special or Others

အတ္တလန်တိတ်သမုဒ္ဒရာထဲတွင် ၂၂ နာရီကြာ ကူးခတ်နေသော သင်္ဘောသားအားကယ်ဆယ်

Special or Others ก.ค. 06, 2561 view 1,633

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အတ္တလန်တိတ်သမုဒ္ဒရာထဲတွင် အသက်ကယ်အင်္ကျီမပါပဲ ၂၂ နာရီကြာအောင်  ကူးခတ်မျောပါနေသူတစ်ဦးအား အပျော်စီးသင်္ဘောတစ်စီးက တွေ့ရှိခဲ့ပြီး ကယ်ဆယ်ခဲ့ရပါတယ်။

အသက် ၂၃ နှစ်အရွယ် ဖီလစ်ပိုင်လူမျိုး Francis Rackochi Santiago ဆိုသူဟာ Norwegian Getaway အပျော်စီးသင်္ဘောပေါ်က သန့်ရှင်းရေးဝန်ထမ်းဖြစ်ပါတယ်။ သူဟာ သင်္ဘောပေါ်ကနေ ရည်ရွယ်ချက်ရှိရှိခုန်ချခဲ့တယ်လို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောပါတယ်။ ယခုလိုမဖြစ်ပွားမီ နှစ်ပတ်အလိုလောက်မှာ Santiago က သူ့ရဲ့ဖေ့စ်ဘွခ်ပေါ်မှာ သင်္ဘောပေါ်ကခုန်ချပြီး လှေလှော်ပြေးသွားတဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် သင်္ဘောသားတစ်ယောက်ရဲ့အကြောင်းကို ရေးခဲ့ဖူးပါတယ်။ အဲဒီအဖြစ်ပျက်အတိုင်းပဲ သူမှာဖြစ်ခဲ့ပြီး ၂၂ နာရီကြာ အသက်ကယ်ပစ္စည်းဘာမှမပါပဲ သမုဒ္ဒရာထဲမှာ ၂၂ နာရီကြာအောင် ရုန်းကန်နိုင်ခဲ့တာက အံ့သြစရာပါ။

သင်္ဘောပေါ်မှာ သူပျောက်သွားပြီလို့ သိလိုက်တဲ့အချိန်မှာ ခရီးသည်တွေနဲ့ ဝန်ထမ်းတွေက ထိတ်လန့်သွားကြပြီး သင်္ဘောကို ပြန်လှည့်ပြီးရှာခဲ့ပါတယ်၊ အမေရိကန်ကမ်းခြေစောင့်အဖွဲကလည်း လေယာဉ်တွေ ဘုတ်တွေသုံးပြီး စတုရန်းမိုင် ၁၆၃၆ လောက်ကို ရှာခဲ့ပေမယ့် သူ့ကို ရှာမတွေ့ခဲ့ပါဘူး။

တနင်္ဂနွေနေ့မှာတော့ ကျူးဘားနိုင်ငံရဲ့ မြောက်ဖက် ၂၁ မိုင်အကွာ သမုဒ္ဒရာထဲမှာ ကူးခတ်နေတဲ့သူ့ကို အပျော်စီးသင်္ဘောတစ်စီးဖြစ်တဲ့ Carnival Glory သင်္ဘောပေါ်မှ ဝန်ထမ်းတွေက တွေ့ရှိခဲ့ပြီး ကယ်ဆယ်ခဲ့တာဖြစ်ပါတယ်။
ထူးခြားတာကတော့ သူမှာ ဘာဒဏ်ရာမှ မရရခဲ့ပါဘူး။ အခုဆိုရင် သူဟာ ဆေးရုံပေါ်မှာ အခြေအနေပြန်လည် ကောင်းမွန်နေပါပြီ။ သင်္ဘောပေါ်က ခုန်ချသွားခဲ့တာနဲ့ ပက်သက်ပြီး လုပဖော်ကိုင်ဖက် တစ်ဦးက တမင်ခုန်ချခဲ့တာလို့ ပြောဆိုခဲ့ပေမယ့် Norwegian Getaway သင်္ဘောကုမ္ပဏီကတော့ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိခဲ့ပါဘူး။
 



Follow us on