
ဖီလစ်ပိုင်နိုင်ငံတွင် ပိုးဟပ်တစ်ကောင်အား နေအိမ်အခန်းအတွင်းသို့ ကျူးကျော်ပျံသန်းဝင်ရောက်ခဲ့မှုကြောင့် အပြစ်ရှိကြောင်း ထင်ရှားသဖြင့် လျှပ်စစ်ထိုင်ခုံဖြင့် သေဒဏ်ပေးခြင်းခံခဲ့ရသည်။

ဇူလိုင်လ ၅ ရက်နေ့က Sculptor Gabriel Tuazon ဆိုသူ လူငယ်က အခန်း ပြတင်းပေါက်ဖွင့်လိုက်စဉ် အခန်းထဲသို့ ပျံသန်းဝင်ရောက်လာသော ပိုးဟပ်တစ်ကောင်ကို ပိုက်ကွန်ဖြင့်ဖမ်းဆီးကာ လျှပ်စစ်ထိုင်ခုံအသေးစားဖြင့် ကျကျနန သေဒဏ်စီရင်ခဲ့သည်။

သေဒဏ်စီရင်သော ရုပ်သံအား လူမှုကွန်ယက်ပေါ်သို့တင်ခဲ့ရာ သတ္တဝါညှင်းဆဲနှိပ်စက်သူဟု ဝိုင်းဝန်းပြစ်တင် ရှုံ့ချခြင်း ခံရလျှက်ရှိသည်။
သစ်သားဖြင့်ပြုလုပ်ထားသော ခုံအသေးစား လျှပ်စစ်မီးသီး၊ ဝါယာကြိုးများနဲ့ လျှပ်စစ်အုပ်ဆောင်တို့ကို ၂ နာရီခန့်အချိန်ယူကာ အနုပညာမြောက်အောင် ကိုယ်တိုင်ဖန်တီးပြီး ကျကျနန ကွပ်မျက်ခဲ့ခြင်းဖြစ်သည်။

အဲဒီနောက် ပိုးဟပ်ရဲ့ အလောင်းကို မီးခြစ်ဆံဗူးခွံအဟောင်းတစ်လုံးထဲထည့်ကာ အခေါင်းသဖွယ်ပြုပြင်ပြီး မြေမြုတ်ပေးခဲ့သေးသည်။

သူ့ရဲ့လုပ်ရပ်အပေါ်မှာတော့ စာနာစိတ်ကင်းမဲ့သူ အဖြစ် ပြစ်တင်ခဲ့ကြပါတယ်။ Tuazon ကလည်း ဒါဟာသူ့အပြစ်မဟုတ်ကြောင်း အိမ်ထဲဝင်လာတဲ့ ပိုးဟပ်ရဲ့ အပြစ်သာဖြစ်ကြောင်း ပြန်လည်ချေပခဲ့ပါတယ်။ တစ်ခါထဲရိုက်သတ်လိုက်ရင် ရပေမယ့် သူ့အခန်းညစ်ပတ်သွားမှာ စိုးလို့ စည်းစားနေစဉ် အခုလို အနုပညာဆန်ဆန်လုပ်ဖို့ အကြံပေါ်လာခဲ့တာဖြစ်ကြောင်း ရှင်းပြထားပါတယ်။
comment