1. Home
  2. Movie Stars - Celebrity

မင်းသားကြီး ဂျော့ခ်ျကလိုနီ အီတလီတွင် ကားတိုက်ခံရ

Movie Stars - Celebrity ก.ค. 11, 2561 view 1,633

ကမ္ဘာကျော်ဟောလိဝုဒ်မင်းသားကြီး ဂျော့ခ်ျကလိုနီ ဇူလိုင် ၁၀ ရက်(အင်္ဂါနေ့)က အီတလီနိုင်ငံမှာ ကားတိုက်ခံခဲ့ရပါတယ်။ ဆိုင်ကယ်စီးလာစဉ် မျက်နှာချင်းဆိုင်ကလာတဲ့ မာစီးဒီးကားနဲ့ ဝင်တိုက်မိခဲ့ရာ အပေါ်ကို မြောက်တက်လွင့်စင်ပြီး ပြန်ပြုတ်ကျခဲ့တာကို စီစီတီဗီမှ မှတ်တမ်းရရှိခဲ့ပါတယ်။

အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီး ဂျော့ခ်ျကလိုနီဟာ အီတလီနိုင်ငံရဲ့ ကျွန်းတစ်ကျွန်းဖြစ်တဲ့ ဆာဒီနီးယားကျွန်းပေါ်မှာ နံနက် ၇ နာရီအချိန်က ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ သူ၏ ဆိုင်ကယ်ကို လမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် မျက်နှာချင်းဆိုင် တစ်ဖက်ယာဉ်ကျောမှ လာသော မာစီဒီးကားတစ်စီးက ရုတ်တရက် လမ်းသွယ်တစ်ခုသို့ ဖြတ်ဝင်ရန် ခေါင်းချိုးလိုက်စဉ် မင်းသားကြီးစီးလာသော ဆိုင်ကယ်ဖြင့် တိုက်မိခဲ့ခြင်းဖြစ်သည်။

ကံကောင်းထောက်မစွာ ဦးထုတ်ဆောင်းထားသဖြင့် အသက်အန္တရာယ်မရှိခဲ့ပေမယ့် ဒဏ်ရာရရှိပြီး ဆေးရုံတင်ပို့ခဲ့ရပါတယ်။ မာစီးဒီးမောင်းလာသူနှင့် အနီးဝန်းကျင်မှ လူများ၏ အကူအညီနဲ့ John Paul II ဆေးရုံသို့ တင်ပို့ခဲ့ပါတယ်။

နှစ်နာရီခန့်အကြာမှာတော့ သူ၏ ဇနီးဖြစ်သူ Amal ၄၀ နှစ် က ဆေးရုံကို အပြေးလိုက်လာခဲ့ပါတယ်။ စကန်ဖတ်ကာ စစ်ဆေးခဲ့ပြီးနောက် အရိုးကျိုးဒဏ်ရာများ မရရှိခဲ့ပေမယ့် ပွန်းပဲ့ဒဏ်ရာတွေ သက်သာပျောက်ကင်းရန် ရက် ၂၀ လောက် အနားယူရမည်ဟု ဆရာဝန်များက ဆိုပါတယ်။
အဲဒီနောက် သူ့ရဲ့ဇနီးနဲ့အတူ ဒေသခံရဲများက အခြံအရံနဲ့ နေအိမ်သို့ ပြန်သွားခဲ့ပါတယ်။
လက်ရှိမှာတော့ မင်းသားကြီးဟာ အိမ်မှာပဲ အနားယူနေကြောင်း သူ့ရဲ့မန်နေဂျာဖြစ်သူက ပြောဆိုခဲ့သည်။



Follow us on