1. Home
  2. Special or Others

သခင်ရဲ့အလောင်းကို စားသောက်ပြီး ၁၀ ရက်ကျော်ကြာ ပိတ်မိနေတဲ့ခွေး

Special or Others ก.ค. 11, 2561 view 1,470

ထိုင်းနိုင်ငံရှိ နေအိမ်တိုက်ခန်းတစ်ခုထဲတွင် ကနေဒါအမျိုးသားတစ်ဦး အဝတ်ဗလာဖြင့် သေဆုံးလျှက်ရှိပြီး အလောင်းကို မွေးထားသော ခွေးကစားသောက်လျှက် ရဲများကတွေ့ရှိခဲ့သည်။

အသက် ၆၂ နှစ်အရွယ် Glenn Pattinson ဆိုသူ အမျိုးသားကြီးမှာ လွန်ခဲ့သော ၁၀ ရက်ခန့်က သေဆုံးခဲ့ဖွယ်ရာရှိပြီး သူ၏အလောင်းကို အိမ်တွင်မွေးထားသော ခွေးကစားသောက်လျှက် အလာင်းဘေးမှာ ထိုင်ရှိကြောင်း ပြီးခဲ့တဲ့ သောကြာနေ့တွင် ရဲအဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အမျိုးသားကြီးမှာ အဆိုပါနေအိမ်တွင် နေထိုင်ခဲ့တာ ၂ နှစ်ခန့်ရှိပြီဖြစ်ပြီး သူ၏ အသက် ၅ နှစ်အရွယ် ခွေးနဲ့အတူ တစ်ဦးတည်း နေထိုင်ခဲ့ကြောင်း၊ ခွေးအလွန်ချစ်သူဖြစ်ပြီး နေ့စဉ် ခွေးနဲ့လမ်းလျှောက်ထွက်သူ ဖြစ်ကြောင်း အိမ်နီးချင်းများက ပြောဆိုခဲ့သည်။

လွန်ခဲ့သည့်ရက်ပိုင်းမှစ၍ လမ်းလျှောက်ထွက်ခြင်း မရှိတော့သလို အိမ်ထဲတွင် ခွေးဟောင်သံများကြောင့် အိမ်နီးချင်းများက သံသယဖြစ်ပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

သက်ဆိုင်ရာက အိမ်ထဲသို့ ဝင်ရောက်ရှာဖွေခဲ့ရာ ကြမ်းပြင်ပေါ်တွင် အဝတ်အစားမပါပဲ သေဆုံးလျှက်ရှိပြီး သူ၏ခန္ဓာကိုယ်တစ်ခြမ်အား ဦးခေါင်းမှ ခြေဖျားထိ အရိုးတွေပေါ်အောင် ခွေးစားခံထားရကြောင်း စက်ဆုပ်ဖွယ်တွေ့ရှိခဲ့သည်။

သေဆုံးရသည့်အကြောင်းရင်းကို စစ်ဆေးရန် အလောင်းကို သက်ဆိုင်ရာက သယ်ဆောင်သွားပြီး သံရုံးမှတစ်ဆင့် သူ၏ဆွေမျိုးသားချင်းများကို အကြောင်းကြားထားကြောင်း သိရှိရသည်။
 



Follow us on