1. Home
  2. Movie Stars - Celebrity

စပိန်နိုင်ငံမှာ မြန်မာဝတ်စုံလေးနဲ့ နန်းစံအောင်လှနေတဲ့ စမိုင်း(လ်)

Movie Stars - Celebrity ก.ค. 11, 2561 view 1,620

ဥရောပကို မိသားစုနဲ့အတူ ရက်ရှည်အပန်းဖြေခရီးထွက်နေတဲ့ စမိုင်း(လ်)ကတော့ လက်ရှိမှာ စပိန်နိုင်ငံကို ရောက်ရှိလို့နေပါတယ်။ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာလည်ပတ်နေတဲ့ သူမကတော့  မြန်မာဝတ်စုံလေးနဲ့ ပုသိမ်ထီးလေးကိုဆောင်းကာ တိုင်းတစ်ပါးမှာ ကိုယ့်လူမျိုးရဲ့ယဉ်ကျေးမှုကို ဖော်ဆောင်ကာ ရဲရဲတောက်အလှတရားနဲ့ နန်းစံလောက်အောင် လှလို့နေပါတယ်။ ကျက်သရေရှိရှိလှပလွန်းနေတဲ့ ၀တ်စုံလေးကတော့ ဒီဇိုင်နာမေမြတ်ဝါဆိုရဲ့ ဖန်တီးမှုလက်ရာလေးဖြစ်ပါတယ်။ စပိန်နိုင်ငံရောက်နေတဲ့ စမိုင်း(လ်)တစ်ယောက် မြန်မာဝတ်စုံလေးနဲ့ ဘယ်လိုမျိုးဆွဲဆောင်မှုရှိရှိလှနေလဲဆိုတာ ပုံလေးတွေကြည့်လိုက်ကြပါဦးနော်...

အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးကွာခဲ့တယ့် စမိုင်း(လ်)က လက်ရှိမှာ သမီးလေးနှစ်ယောက်နဲ့အတူ ပျော်ရွှင်သာယာတဲ့ မိသားစုဘ၀ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သိပ်မကြာသေးခင်အချိန်က ခင်ပွန်းဖြစ်သူထံမှ မွေးနေ့အတွက် သိန်းရှစ်ထောင်တန်ကားတစ်စီး စပရိုက်လုပ်ခြင်းခံခဲ့ရတာကြောင့် ပရိသတ်တွေကြား ရေပန်းစားကာ တစ်ဖန်ပြန်လည် ပရိသတ်တွေရဲ့ချစ်ခင်မှုကိုရရှိခဲ့တာပဲဖြစ်ပါတယ်.....

 



Follow us on