1. Home
  2. Myanmar News

တာချီလိတ် မြို့အဝင်ဂိတ်တွင် လက်နက်နှင့်ခဲယမ်းများ ဖမ်းဆီးရမိ

Myanmar News ก.ค. 12, 2561 view 1,859

ဇူလိုင်လ ၁၁ ရက်နေ့ ညပိုင်းတွင် တာချီလိတ်မြို့အဝင် ဟွေရဲပူးပေါင်းဂိတ်တွင် AK-47 သေနတ် ၂ လက်နဲ့ ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

တာချီလိတ် ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပေါ်ထွန်း နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနု တို့၏ အနီးကပ် ကြီးကြပ်မှုဖြင့် ရှောင်တခင် ပူးပေါင်း စစ်ဆေးရေး လုပ်ငန်းများဆောင်ရွက်ပြီးနောက် တာချီလိတ်မြို့အဝင် ဟွေရဲဂိတ်မှာ ပူးပေါင်းအဖွဲ့မှ ရှာဖွေစစ်ဆေးရေး လုပ်ငန်းများဆက်လက် ဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့ပေါ်ကို ဟွေရဲရွာဘက်မှ ဝင်လာတဲ့ ယာဉ်တစ်စီးပေါ်မှ AK-47 သေနတ်(၂)လက် နှင့် ခဲယမ်းများကိုဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်မှာ တာချီလိတ်မြို့အဝင် ဟွေရဲ ပူးပေါင်းစစ်ဆေးရေး ဂိတ်မှာ ခရရ(တခလ)ရုံးမှ ရဲအုပ်အောင်ဆွေဦး ဦးစီးအဖွဲ့၊ ခမရ(၃၅၉) မှ ဗိုလ် မိုးမြင့်အောင် ဦးစီးအဖွဲ့၊ ရပရ မှု/ကူ မှ ရဲအုပ် နိုင်လင်းဦး ဦးစီးအဖွဲ့၊ ခရရ မှုခင်းနှိမ်နင်းရေး မှ ရဲအုပ် သောင်းရွှေ ဦးစီးအဖွဲ့၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ် အေးလွင် ဦးစီးအဖွဲ့၊ စရဖ (တသခ) စု-၂မှ တကက ရဲလင်းထိုက် အပါအဝင် ဟွေရဲပြည်သူ့စစ် အဖွဲ့ဝင်များဖြင့် ပူးပေါင်းရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ယနေ့ ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့ နံနက်(၃)နာရီ (၁၅)မိနစ် အချိန်ခန့်က ဟွေရဲရွာဖက်မှ တာချီလိတ်မြို့ပေါ်ကို ဝင်ရောက်လာတဲ့ အိုက်မွန်း ဆိုသူမောင်းနှင်လာတဲ့ မစ်ဆူဘီရှီ (ခဲရောင်) ယာဉ်ကို ရပ်တန့်စ၍ စစ်ဆေးရှာဖွေရာ ယာဉ်မောင်း ဘေးထိုင်ခုံအောက်မှ M-01104 နှင့် M-10145 နံပါတ်များပါရှိသော AK- 47 သေနတ်အရှည် (၂)လက် ၊ ကားနောက်ခန်း ထိုင်ခုံကူရှင် နောက်ဘက်မှာ ထည့်ထားတဲ့ ကျည်အိမ်(၁၆)ခု နှင့် ယာဉ်မောင်းဘေး Tool Box အတွင်း မှ ကျည် (၈) တောင့်ပါ ကျည်အိမ် (၁)ခု တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။


ယခုတရားမဝင်လက်နက်ခဲယမ်းများနှင့်အတူတွေ့ရှိ ဖမ်းဆီးရမိသူ အိုက်မွန်း (၂၇)နှစ် ဆိုသူကို တာချီလိတ်မြို့မရဲစခန်းမှ (ပ)၂၃၀/၂၀၁၈၊ ရှမ်းလက်နက် အမိန့် ၁၂(က) ဖြင့် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားရှိတယ်လို့ သိရပါတယ်။


သတင်းရင်းမြစ် - မအူပင်ကျော်လွှား
ဓါတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့
 



Follow us on