1. Home
  2. Special or Others

ကမ္ဘာ့လက်သည်းအရှည်ဆုံးလူသား လက်သည်းညှပ်တော့မည်

Special or Others ก.ค. 12, 2561 view 2,300

ကမ္ဘာ့လက်သည့်အရှည်ဆုံးလူသားအဖြစ် ၂၀၁၆ ခုနှစ်က ဂရင်းနစ်စာအုပ်မှာ စံချိန်တင်ထားခဲ့သူ အိန္ဒိယအမျိုးသားကြီးက သူ့ရဲ့လက်သည်းကို ညှပ်ပစ်တော့မည်ဖြစ်သည်။

အသက် ၈၂ နှစ်အရွယ်ရှိပြီဖြစ်သော Shridhar Chillal ဟာ ၁၉၅၂ ခုနှစ်ကတည်းက သူ့ရဲ့ လက်သည်းတွေကို မညှပ်ပဲ ၆၆ နှစ်ကြာ မွေးထားခဲ့တာဖြစ်ပါတယ်။ သူရဲ့လက်သည်းအားလုံးပေါင်းရဲ့ အရှည်ဟာ ၉၀၉.၆ စင်တီမီတာ ရှည်လျှားပါတယ်။ လက်ချောင်းတွေထဲမှာ လက်မရဲ့ လက်သည်းက အရှည်ဆုံးဖြစ်ပြီး ၁၉၇.၈ စင်တီမီတာ ရှည်ပါတယ်။

လက်သည်းညှပ်အခမ်းအနားနဲ့ လက်သည်းကို ညှပ်ပစ်မှာဖြစ်ပြီး သူ့ရဲ့ လက်သည်းတွေကို ပြတိုက်မှာ ပြသထားဖို့လည်း တောင်းဆိုထားပါတယ်။ ဒါဟာသူမသေခင် သူ့ရဲ့ နောက်ဆုံးဆန္ဒလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဂင်းနစ်က ကျွန်တော့်ရဲ့ လက်သည်းအရှည်တွေကို အသိအမှတ် ပြုလိုက်တာဟာ ဘဝရဲ့အကြီးမားဆုံး ရည်မှန်းချက်ပန်းတိုင်ကို ရောက်ခဲ့တာပါ၊ အကယ်၍ ကျွန်တော်သာ လက်သည်းတွေ ညှပ်ခဲ့မယ်ဆိုရင် အခုလို အသိမှတ်ပြုခံရမှာ မဟုတ်ဘူး” လို့ ဂရင်းနစ် စံချိန်ဝင်စဉ်က ပြောကြားခဲ့ပါတယ်။
 



Follow us on