1. Home
  2. Movie Stars - Celebrity

မိန်းမအရမ်းမဆန် ချွဲချွဲပျစ်ပျစ်မလုပ်တတ်တဲ့ မိန်းကလေးမျိုးကိုသဘောကျတယ်ဆိုတဲ့ ကျော်ထက်အောင်

Movie Stars - Celebrity ก.ค. 12, 2561 view 1,687

ကျော်ထက်အောင်ဟာ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးမှာ အစီအစဉ်တင်ဆက်သူလုပ်ရင်း ပရိသတ်တွေကြား ရေပန်းစားအောင်မြင်ကျော်ကြားလာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အသားညိုညို၊ အရပ်ရှည်ရှည် ယောကျာ်းပီသတဲ့သွင်ပြင်နဲ့ တည်ကြည်ခန့်ငြားတဲ့ရုပ်ရည်ကြောင့်လဲ မိန်းကလေးပရိသတ်တွေရဲ့ပါးစပ်ဖျားက ကွီးတစ်ယောက်ဖြစ်နေတာလည်းဖြစ်ပါတယ်။ အသက် (၃၀)ကျော်အရွယ်ရှိနေပြီဖြစ်တဲ့ ကျော်ထက်အောင်ရဲ့အချစ်ရေးကတော့ လက်ရှိမှာတစ်ယောက်တည်း Single ဘ၀ကိုဖြတ်သန်းနေတယ်လို့သိရပါတယ်။

ရည်းစားထားရမယ့် အရွယ်လွန်လို့ အိမ်ထောင်ပြုရမယ့်အရွယ်ရောက်နေပြီလို့ဆိုလာတဲ့ ကျော်ထက်အောင်က ချွဲချွဲနွဲ့နွဲ့မလုပ်ပဲ ကိုယ်နဲ့ရင်ဘောင်တန်းနိုင်တဲ့ မိန်းကလေးမျိုးကို သဘောကျတယ်ဆိုပြီး မီဒီယာတွေနဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

“မိန်းကလေးအရမ်းမဆန်၊ ချွဲချွဲပျစ်ပျစ်မလုပ်ပဲ ထောင်းကြည်မောင်းကြည်နဲ့ ကိုယ်နဲ့ရင်ဘောင်တန်းနိုင်မယ့် မိန်းကလေးမျိုးကို သဘောကျပါတယ်။ အရမ်းစိတ်ဆိုး စိတ်ကောက်လုပ်တာ၊ အရမ်းချွဲနွဲ့တာမျိုးမလုပ်တဲ့ မိန်းကလေးအမျိုးအစားကို ပိုကြိုက်ပါတယ်” ဆိုပြီး သူစံနှုန်းထားတဲ့  မိန်းကလေးပုံစံမျိုးကို ပြောပြခဲ့ပါတယ်။ 

အချစ်ရေးက လျှို့ဝှက်ထားတာမဟုတ်ပဲ တစ်နေ့နှဖူးစာရွာလည်လို့ ချစ်သူမိန်းကလေးရှိလာခဲ့ရင် ပရိသတ်တွေကို အသိပေးချပြသွားမှာဖြစ်ပြီး အနုပညာလောကထဲကမဟုတ်ပဲ အပြင်လောကက မိန်းကလေးကိုပဲရွေးချယ်ဖြစ်မှာပါလို့ ဆိုထားပါသေးတယ်....

အစီအစဉ်တင်ဆက်သူဖြစ်တဲ့ ကျော်ထက်အောင်က ယခုနောက်ပိုင်း သရုပ်ဆောင်လောကထဲဝင်ကာ ရုပ်ရှင်ကားများကိုလည်း ရိုက်ကူးလျက်ရှိနေပါပြီ။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဆိုတဲ့ သရဲကားကလည်း ဇူလိုင်လ (၂၇) ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ထိုကားလေးထဲမှာတော့ ဖွေးဖွေး၊ အလင်းရောင်၊ ရတနာဗိုနဲ့ ကျော်ထက်အောင်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်....

 

 



Follow us on