1. Home
  2. Movie Stars - Celebrity

ဖွေးဖွေးကိုယ်တိုင် ဒီဇိုင်းရေးဆွဲထားတဲ့အိတ်များ ဝယ်ယူနိုင်ပြီ

Movie Stars - Celebrity ก.ค. 17, 2561 view 1,645

အကယ်ဒမီဖွေးဖွေးကိုယ်တိုင် ဒီဇိုင်းရေးဆွဲထားတဲ့ Limited Edition လက်ကိုင်အိတ်လေးများကို Yangoods(ရန်ဂွတ်စ်) ဆိုင်တွေမှာ ဇူလိုင်လ ၂၀ ရက်နေ့မှ စတင် ဝယ်ယူနိုင်ပါပြီ။

Phway Phway X Yangoods Limited Edition collections အိတ်တွေကို ပရီအော်ဒါမှာယူခဲ့သူတွေကိုလည်း ဇူလိုင်လ ၁၇ ရက်ကနေ ၁၉ ရက်နေ့ထိ ထုတ်ပေးသွားမှာ ဖြစ်ပြီး အမှတ်တရလက်ဆောင်များကိုလည်း ရရှိမှာဖြစ်ပါတယ်။ Yangoods နဲ့ ပူးပေါင်းပြီး အနုပညာလက်ရာမြောက်တဲ့ အိတ်လေးကို ကိုယ်တိုင် ဒီဇိုင်းရေးဆွဲပေးထားတဲ့ ဖွေးဖွေးက -

အစကတည်းက Yangoods က အိတ်လေးတွေကို ဖွေးဖွေးအရမ်းကြိုက်တယ်။ မြန်မာမှုလက်ရာတွေကို နိုင်ငံခြားဆန်ဆန်လေးတွေ ဖန်တီးထားတာလေ။ ဖွေးဖွေးကို collaborate လုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါ အရမ်းပျော်သွားတယ်။ ဖွေးက ပုံဆွဲဝါသနာပါသလို ကိုယ့်ဘဝအတွက် အမှတ်တရတစ်ခုလည်းဖြစ်မယ်လေ။ ဒီဇိုင်းလေးတွေကတော့ ဖွေးကိုယ်မှာ ဆွဲထားတဲ့ တက်တူးဒီဇိုင်းလေးတွေလည်းပါမယ်။ ဖွေးကို ပရိသတ်က ချစ်စနိုးနဲ့ ဖွေးစိန်လို့ ခေါ်တယ်ဆိုတော့ စိန်တုံးလေးတွေပါမယ်။ ကြာပန်းလေးတွေပါမယ်။ ကြာပန်းကတော့ ရွံ့ထဲကနေ လှပတဲ့ပန်းလေးတစ်ပွင့်အဖြစ် ပွင့်ရတာဆိုတော့ ဘယ်လောက်ပဲရုန်းကန်ရပါစေ အောင်မြင်အောင်ကြိုးစားနိုင်တယ်ဆိုတဲ့ Theme လေးနဲ့ပေါ့။ ပုံစံ ၅ မျိုးလောက် ထုတ်ဖို့ရှိတယ်။ အရောင် ၃ မျိုးသတ်မှတ်ထားတယ်။ ပရီမီယာအနေနဲ့ကတော့ pink diamond ရယ် coral သန္တာကျောက်အရောင်ပါမယ်။ မဟူရာကျောက်အရောင်လေးပါမယ်။ ကျောက်အရောင်လေးတွေနဲ့ နာမည်ပေးထားပါတယ်” လို့ ဆိုပါတယ်။



Ref: ElevenMediaGroup



Follow us on