1. Home
  2. Myanmar News

ဓါတ်လိုက်သေဆုံးတဲ့ကလေး၏ မိသားစုများအား ရန်ကုန်ယူနိုက်တက်အသင်းမှ ငွေ ၁၀ သိန်းကူညီထောက်ပံ့

Myanmar News ก.ค. 17, 2561 view 1,503

တောင်​ဥက္ကလာပမြို့နယ်​တွင်​ ဇူလိုင်​ ၁၃ ရက်​နေ့က ဓာတ်​လိုက်​​​သေဆုံးသွားခဲ့သော အသက်(၁၃)နှစ် အရွယ် ၈တန်း​ကျောင်းသား​လေး ​မောင်​မျိုးမင်းထွန်း၏ ကျန်​ရစ်​သူမိသားစုအား ရန်​ကုန်​ယူနိုက်​တက်​အသင်းမှ ကူညီ​ထောက်​ပံ့​ငွေ ကျပ်​၁၀သိန်း ​ပေးအပ်​ခဲ့​ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်ယူနိုင်တက်အသင်းမှ ကစားသမားများဖြစ်ကြသော ရန်အောင်ကျော်၊ သန်းပိုင်၊ မောင်မောင်လွင်၊ အီစိုး တို့နဲ့အတူ အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်း တို့အတူသွားရောက်ခဲ့ကြပြီး သေဆုံးခဲ့သူ မောင်မျိုးမင်းထွန်း အတွက် မိသားစုနဲ့ ထပ်တူထပ်မျှဝမ်းနည်းကြောင်း အားပေးစကားပြောကြားခဲ့ပြီး ကူညီထောက်ပံ့ငွေ ကျပ် ၁၀ သိန်းကို မိသားစုအား ပေးအပ်ခဲ့ကြောင်း ရန်ကုန်ယူနိုင်တက်အသင်း ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။

ရန်ကုန် ယူနိုက်တက် အသင်း အုပ်ချုပ်သူ ဦးမြင့်သိန်းက " ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု အသင်း တစ်သင်းအနေနဲ့ တက်နိုင်တဲ့ဘက်ကနေ ကျန်ရစ်သူမိသားစုရဲ့ ဝမ်းနည်းမှုတွေ လျော့နည်းသွားစေဖို့ ရည်ရွယ်ပြီး သွားခဲ့တာပါ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုအဖြစ်မျိုး ကြုံတွေ့ရတဲ့ အပေါ်မှာ ရန်ကုန် ယူနိုက်တက် အသင်းအနေနဲ့ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲ ရကြောင်းကိုလည်း ကျန်ရစ်သူမိသားစုကို သေသေချာချာ လေးလေးစားစား ပြောကြားခဲ့ပါတယ်။ ဒီကလေးအတွက် အလှူအတန်း ကောင်းမွန်စွာ ပြုလုပ်နိုင်ဖို့ အတွက်လည်း နာရေးကူညီငွေ ထောက်ပံ့ပေးခဲ့ ပါတယ်။ နောင်ဖြစ်လေရာ ဘဝတိုင်းမှာလည်း ဒီလို အဖြစ်ဆိုးမျိုး မကြုံပါစေနဲ့လို့ ဆုတောင်းပေးပါတယ်" ဟုပြောကြားခဲ့သည်။

ရန်ကုန် ယူနိုက်တက် နည်းပြချုပ် ဦးမျိုးမင်းထွန်းကလည်း " ဒီကလေးရဲ့ အဖြစ်ကို အွန်လိုင်းပေါ်မှာ ဖတ်လိုက်ရတယ်။ တကယ်ကို စိတ်မကောင်း ဖြစ်ရတယ်။ ကျွန်တော်တို့အသင်း ဇူလိုင်လ ၁၅ ရက်နေ့မှာ ပွဲကစားဖို့ ရှိနေလို့ ဒီနေ့မှ ရောက်ဖြစ်တာပါ။" ဟု ပြောကြားခဲ့သည်။



Follow us on