1. Home
  2. Myanmar News

လင်မယားရန်ဖြစ်ရာမှ ဇနီးသည်၏ လက်ချက်ဖြင့် ခင်ပွန်းသေဆုံး

Myanmar News ก.ค. 20, 2561 view 1,482

ဇူလိုင်လ ၁၉ ရက်နေ့က လှိုင်သာယာမြို့နယ် အမှတ်(၅)ရပ်ကွပ်တွင် လင်မယားခြင်း စကားများရာမှ ရန်ဖြစ်ခဲ့ကြပြီး ဇနီးသည်ဖြစ်သူ၏ လက်ချက်ဖြင့် ခင်ပွန်းဖြစ်သူ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၉ ရက်နေ့ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် လှိုင်သာယာဆေးရုံ၌ အမျိုးသားတစ်ဦး ဓားဒဏ်ရာဖြင့် သေဆုံးပြီးရောက်ရှိလာကြောင်း သတင်းအရ လှိုင်သာယာမြို့မရဲစခန်းမှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ ဦး −−−−−−− (၃၇ နှစ်) တစ်ပင်ရွှေထီးလမ်း အမှတ်(၅)ရပ်ကွက် (ကျူး) နေထိုင်သူ၏ ဝဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ (၁)ချက်ဖြင့် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖြစ်စဉ်ကို ဆက်လက် စံစမ်းခဲ့သည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၆ နာရီတွင် ဦး−−−−−−− က အရက်မူးကာ အိမ်ပြန်ရောက်လာ ဇနီးဖြစ်သူအား ပြဿနာရှာနေခဲ့ပြီး အိမ်တိုင်အား သစ်သားတုတ်နဲ့ ရိုက်လိုက်စဉ် သစ်သားတုတ်မှာ အရှိန်နဲ့ ပြန်ကန်ပြီး သမီးဖြစ်သူ၏ ဦးခေါင်းအား ထိခိုက်သွားသဖြင့် ဇနီးဖြစ်သူနှင့် စကားများခဲ့ရာ ဇနီးဖြစ်သူ ဒေါ်သိန်းသိန်းဝင်း (၃၇ နှစ်)မှ စိတ်တိုပြီး မီးဖိုချောင်သုံး ကော်လက်ကိုင်ရိုးတပ် စတီးဓားဖြင့်ဖြင့် ထိုးလိုက်ရာ ဦး−−−−−− ၏ ဝဲဘက်ရင်အုံအား ထိုးမိခဲ့သည်။ ထိုနောက် လှိုင်သာယာဆေးရုံသို့ ပို့ဆောင် ကုသစဉ် ည ၈ နာရီ ၂၀ တွင် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လင်မယားချင်းစကားများရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူအားသေဆုံးအောင် မီးဖိုချောင်သုံး စတီးဓါးဖြင့်ထိုးသူ ဒေါ်သိန်းသိန်းဝင်း အား ဥပဒေအရအရေးယူပေးပါရန် ဒုရဲအုပ်ကျော်တင့် မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဒေါ်သိန်းသိန်းဝင်အား လှိုင်သာယာမြို့မရဲစခန်းမှ (ပ)၂၇၁၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။


သတင်း - NyiNyi MCRA/SH ဗဟို



Follow us on