1. Home
  2. Movie Stars - Celebrity

ရတနာဗိုရဲ့ တံတွေးထွေးတာ ခံခဲ့ရတယ်ဆိုတဲ့ အလင်းရောင်

Movie Stars - Celebrity ก.ค. 23, 2561 view 1,879

အနုပညာလောကထဲမှာ နေရာတစ်နေရာရရှိလာကာ နှုတ်ခမ်းနီမလေးတွေရဲ့ ၀န်းရံအားပေးခြင်းကို ခံထားရတဲ့ မော်ဒယ်သရုပ်ဆောင် အလင်းရောင်က တက်သစ်စ မော်ဒယ်သရုပ်ဆောင်မလေးဖြစ်တဲ့ ရတနာဗိုရဲ့ တံတွေးထွေးခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။ ရတနာဗိုရဲ့ တံတွေထွေးခြင်းခံခဲ့ရတာကတော့ “ကာဗွန်ဒိုင်အောက်ဆိုဒ်” ရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်းတစ်ခန်းမှာဖြစ်ပြီး ရုပ်ရှင်ထဲမှာရော အပြင်မှာပါ တကယ်လက်တွေ့ ထွေးခံခဲ့ရတာဖြစ်တာကြောင့် ဘ၀မှာ သူများတံတွေးထွေးခံရတာ ပထမဆုံးပါပဲဆိုပြီး “ကာဗွန်ဒိုင်အောက်ဆိုဒ်” ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို တတ်ရောက်ရင်း မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

“အမှတ်တရဖြစ်ခဲ့တယ့် ဇာတ်ဝင်ခန်းကတော့ ရတတနာဗိုနဲ့အခန်းမှာ သူ့ဆီလာနေတဲ့အချိန်မှာ တံတွေးထွေးခံခဲ့ရတာဆိုတော့၊ အပြင်မှာလည်း တစ်ခါမှအထွေးမခံခဲ့ရဘူး၊ ဇာတ်ကားထဲမှာလည်း ဒါပထမဦးဆုံး အတွေ့အကြုံပါပဲ။ ၅ ခါ၊ ၆ ခါ၊ ၇ ခါလောက်အထိ အထွေးခံခဲ့ရတာ၊ ဒါကတော့ မှတ်မှတ်ရရဖြစ်ခဲ့ပါတယ်” ဆိုပြီး ရုပ်ရှင်ကားနဲ့ပတ်သက်တယ့် အမှတ်တရလေးဖြစ်ခဲ့ရပုံကို ပြောပြခဲ့တာဖြစ်ပါတယ်။

ဇူလိုင်လ (၂၇) ရက်နေ့မှာ စတင်ရုံတင်ပြသတော့မှာဖြစ်တယ့် “ကာဗွန်ဒိုက်အောက်ဆိုဒ်” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာဝိုင်းမှ ပုံဖော်ရိုက်ကူးထားပြီး ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေး၊ အလင်းရောင်၊ ကျော်ထက်အောင်နဲ့ ရတနာဗိုတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ သရဲကားတစ်ကားဖြစ်ပါတယ်။ သရဲကားကြိုက်တဲ့ ပရိသတ်ကြီးကရော သွားကြည့်ဖို့အတွက် စိတ်လှုပ်ရှားနေကြပြီလား....

 



Follow us on