1. Home
  2. Special or Others

ဘတ်ငွေ ၂သိန်းခွဲကျော် ကောက်ရသည့် မြန်မာအိမ်အကူ ပိုင်ရှင်ထံပြန်အပ်

Special or Others ก.ค. 23, 2561 view 1,423
ဇူလိုင်လ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ ကော့စမွေဒေသသို့ အလည်အပတ်လာသည့် ဒတ်ခ်ျနိုင်ငံသား၏ ဘတ်ငွေ ၂ သိန်းကျော်ကို မြန်မာအိမ်အမျိုးသမီးဝန်ထမ်းတစ်ဦးက ကောက်ရခဲ့သည်ဟု သိရသည် ။
 
ဖြစ်စဉ်မှာ အင်္ဂါနေ့က Ark Bar Beach Hotel ၏လှေကားတွင် သန့်ရှင်းရေးပြုလုပ်နေစဉ် ဘတ်ငွေ (၂၈၀,၀၀၀) (အမေရိကန်ဒေါ်လာ ၁၁,၀၀၀) ထည့်ထားသော ပလပ်စတစ်အထုတ် တစ်ခုကို မြန်မာအမျိုးသမီးဝန်ထမ်းက တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။သူမက အဆိုပါငွေများကို ဟိုတယ်ဧည့်ကြိုဋ္ဌာနသို့ ပြန်ပေးခဲ့ရာ ထိုမှတဆင့် ပိုင်ရှင်ဖြစ်သူကို ဆက်သွယ်ခဲ့သည်။
 
Bor Phut ရဲစခန်းမှ ဟိုတယ် လုံခြုံရေးကင်မရာမှတ်တမ်းဗီဒီယိုဖိုင်များကို ပြန်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ အသက် ၃၁ နှစ်အရွယ် နယ်သာလန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် အလက်ဇန်းဒါးဂျိုးဇက် ဟိုတယ်လှေကားထစ်ပေါ်တွင် ဆေးလိပ်သောက်ပြီးနောက် တည်းခိုနေရာအခန်းသို့ မပြန်မှီ ငွေထုတ်ကို ပြန်မယူပဲ မေ့သွားခဲ့သည်ကို တွေ့ရသည်။
 
ဟိုတယ်မန်နေဂျာက မြန်မာအမျိုးသမီးဝန်ထမ်းအပ်ထားသည့် ငွေများကို အဆိုပါ ဧည့်သည်အား ပြန်လည်ပေးအပ်ရာ ငွေသားလျော့နေခြင်း မရှိကြောင်း ဧည့်သည်က အတည်ပြုခဲ့ပြီး ဒေါ်လာ(၁၀၀) ပြန်လည်ချီးမြှင့်ကြောင်း သိရသည်။
 
မြန်မာလူမျိုး အိမ်အကူမိန်းကလေး ဆုလတ်မော်က အပန်းဖြေကျွန်း၏ ပုံရိပ်ကို မြှင့်တင်ရာတွင် အထောက်အကူပြုခဲ့သည်ဟု ထိုင်းနိုင်ငံ ဆူရတ်တာနီအုပ်


Follow us on