1. Home
  2. Special or Others

ယောက်ျားရဲ့ ဖောက်ပြန်မှုကို နေရာမဆိုင်း လက်ပူးလက်ကြပ်ဖမ်းတဲ့ ဇနီးသည်

Special or Others ก.ค. 23, 2561 view 1,795

ယောက်ျားတွေဖောက်ပြန်နေတာကို သိသိကြီးနဲ့ ကြည်ဖြူစွာ ခွင့်လွှတ်တဲ့ ဇနီးဆိုတာ ရှိမယ်လို့တောင် မထင်ပါဘူး။ ဒါပေမယ့် ဒီကိစ္စမျိုးကို ဖြေရှင်းပုံဖြေရှင်းနည်းကျတော့ တရုပ်နိုင်ငံက အမျိုးသမီးတွေက အခြား အမျိုးသမီးတွေထက် ပိုပြီးထိပ်တိုက် ခပ်ကြမ်းကြမ်းဖြေရှင်းတတ်ကြပါတယ်။

ဒီလိုရှင်းတဲ့နေရာမှာ ကိုယ့်ရဲ့ခင်ပွန်းအမျိုးသားထက် ခင်ပွန်းသည်နဲ့ ဖောက်ပြန်တဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး နှပ်ကွပ်တတ်ကြပါတယ်။ သူတို့တွေရဲ့ ဒေါသဟာလည်း အချိန်တွေ နေရာတွေ ရွေးမနေတတ်ပါဘူး။

ယခုတစ်ခါ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာမောင်းနှင်လာတဲ့  Audi အမျိုးအစား ကားအကောင်းစားရဲ့ ရှေ့စက်ဖုံးပေါ်မှာ တက်ထိုင်ပြီး လေကာမှန်ရဲ့ အပြင်ဘက်ကနေ ဇနီးဖြစ်သူက အထဲက မောင်းနေတဲ့ ခင်ပွန်းကို ရန်တွေ့ပြောဆိုရင်း ကားကိုရပ်ခိုင်းနေပါတယ်။
(ကြည့်ရတာ လမ်းမှာ ကားဖြတ်သွားတုန်း တွေ့လိုက်ပြီး ကားပေါ်ခုန်တက်ပြီး လိုက်ခဲ့ဟန်တူပါတယ်)

ကားထဲမှာတော့ ခင်ပွန်းသည်နဲ့အတူ ရှေ့ခန်းမှာ အငယ်အနှောင်းက ထိုင်ပြီးလိုက်လာပါတယ်။ အမျိုးသမီးက လေကာမှန်ကို ရိုက်နှက်ပြီး ယောက်ျားကို အကြီးအကျယ်ရန်တွေ့ပါတယ်။

နောက်ဆုံးမှာတော့ ခင်ပွန်းဖြစ်သူက ကားရပ်ပေးလိုက်ပါတယ်၊ အဲဒီနောက် သူ့ရဲ့ အငယ်မလေးကို မယားကြီးက တိုက်ခိုက်မှာ ကြောက်ပြီး အတင်းပိတ်စို့ ကာကွယ်နေတာကို မြင်တွေ့ရပါတယ်။ ဘာတွေ ဆက်ဖြစ်ကြသလဲဆိုတာာကိုတော့ ကိုယ်တိုင် ဆက်လက် ကြည့်ရှုပါဦး။
 


 



Follow us on