ရွှေမှုန်ရတီလို့ဆိုလိုက်တာနဲ့ ခပ်ချေချေမျက်နှာထာလေးနဲ့ အမြဲအထာကျကျဝတ်စားတတ်တဲ့ ငယ်ရွယ်တတ်ကြွပြီး ချစ်စရာကောင်းတဲ့ မင်းသမီးလေးတစ်ယောက်ကို ပြေးမြင်မိမှာ အမှန်ပါပဲနော်... အသက်ငယ်ပေမယ့် အနုပညာမှာ သမ္ဘာမငယ်တဲ့ မင်းသမီးလေးတစ်ယောက်ဖြစ်ပြီး ပွင့်လင်းတဲ့ စိတ်ထားလေးကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေရတဲ့သူတစ်ယောက်ပါ။ ပွဲတွေတတ်တိုင်းလည်း ပရိသတ်တွေကို အမိုက်စားဖက်ရှင်တွေနဲ့ဖမ်းစားလေ့ရှိတဲ့သူမက ယခုမှာတော့ တစ်မူထူးခြားတဲ့ အလှဆုံးသော အဖြူရောင်သတို့သမီးလေးအသွင်နဲ့ ဖမ်းစားလိုက်ပြန်ပါပြီ။
ဒီဇိုင်နာကောင်းမြတ်ဖန်တီးပေးထားတဲ့ အလှဆုံးသတို့သမီးဝတ်စုံလေးနဲ့ “The First Wedding Show” ပွဲမှာ ပါဝင်ပြသခဲ့တာဖြစ်ပါတယ်။ မိန်းကလေးတိုင်းရဲ့ စိတ်ကူးအိပ်မက်ထဲကအတိုင်း အလှဆုံးသော သတို့သမီးပုံရိပ်တွေလွှမ်းခြုံနေတဲ့ ရွှေမှုန်လေးရဲ့ ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်နော်.....
Photo _ Nay Min Tun