1. Home
  2. Movie Stars - Celebrity

ဇာတ်ရုပ်ပီပြင်ဖို့အတွက် ကတုံးတုံးကာ သီလရှင်ဝတ်လိုက်တဲ့ စိုးပြည့်သဇင်

Movie Stars - Celebrity ก.ค. 24, 2561 view 1,929

အပြစ်ဆိုစရာမရှိအောင် ချစ်စရာကောင်းလွန်းတဲ့မျက်နှာလေးနဲ့ အပြုံးချိုချိုလေးကြောင့် ပရိသတ်တွေသည်းသည်းလှုပ်ချစ်နေကြရတဲ့ သရုပ်ဆောင် မင်းသမီးလေး စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း အသံချိုချိုအေးအေးလေးနဲ့ ပရိသတ်တွေရဲ့ အသဲတစ်ခုလုံးကို သိမ်းပိုက်ထားသူလေးပါ...

သူမက လက်ရှိမှာ “ကမ္မဖလ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေလျက်ရှိပြီး သီလရှင်ဝတ်ရတဲ့ဇာတ်ဝင်ခန်းအတွက် ကတုံးအစစ်တုံးပြီး သီလရှင်ဝတ်လိုက်တယ်လို့ သိရပါတယ်။ အစက ကတုံးအတုနဲ့ရိုက်ကူးခဲ့ပေမယ့် ဇာတ်ရုပ်ပီပြင်ဖို့အတွက် သီလရှင်အစစ်ဝတ်လိုက်ခြင်းဖြစ်ကာ ကတုံးမတုံးခင်စပ်ကြားမှာ  သူမရဲ့ဆံပင်အရှည်ကို ယောကျာ်းလေး ဆံပင်ကေမျိုး ညှပ်ခဲ့ပါသေးတယ်။

စိုးပြည့်ရဲ့ သီလရှင်ဝတ်နေတဲ့ ဇာတ်ဝင်ခန်းက ပုံလေးတွေကိုတော့ “ကမ္မဖလ” ရုပ်ရှင်ကားကြီးရဲ့ ဒါရိုက်တာဖြစ်တဲ့ ပန်းချီစိုးမိုးရဲ့သမီး ရတနာစိုးမိုးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားကာ ယခုလိုစာသားလေးလဲ ရေးသားထားပါတယ်။

#ကမ္မဖလ ရုပ်ရှင်ကားကြီးအတွက် ညီမ စိုးပြည့်သဇင်က တကယ်သီလရှင်ဝတ်ပြီး ကတုံးအစစ်တုံးတာပါ ( ပထမက ကတုံးအတုနဲ့ ရိုက်ထားပါတယ်. ကတုံးအတုက သိသာနေလို့ ဆရာကတုံး အစစ်တုံးချင်လား သမီး သီလရှင်ဝတ်လိုက်မယ်. ကတုံးအစစ်တုံးလိုက်မယ် ) ဆိုပြီး သီလရှင်အစစ်ဝတ်တာပါ” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်… ပရိသတ်နဲ့ အနုပညာအပေါ်မှာစိတ်နှစ်ထားတဲ့ စိုးပြည့်သဇင်ရဲ့စိတ်ဓာတ်ကတော့ လေးစားစရာပါပဲနော်…

“ကမ္မဖလ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ပန်းချီစိုးမိုးမှရိုက်ကူးကာ  ပြေတီဦး၊ သူထူးစံ၊ စိုးရန်အောင်၊ စိုးပြည့်သဇင်၊အေးမြတ်သူ၊ မိုးဟေကိုတို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်...

 



Follow us on