1. Home
  2. Special or Others

နေအိမ်ရေကူးကန်ထဲမှာ မိကျောင်းကိုက်ခံရတဲ့ စုံတွဲ

Special or Others ก.ค. 25, 2561 view 1,494

ဇင်ဘာဘွေနိုင်ငံ ကာရီဘာမြို့ရှိ နေအိမ်တစ်အိမ်၏ ရေကူးကန်ထဲတွင် စုံတွဲနှစ်ဦး ရေကူးနေစဉ် မိကျောင်းတစ်ကောင် ရေကူးကန်ထဲ လျောဆင်းလာကာ လိုက်လံတိုက်ခိုက်ခြင်း ခံခဲ့ရသည်။

စီစီတီဗီပုံရိပ်အရ စုံတွဲနှစ်ဦး ရေကူးကန်ထဲ၌ ရေကူးရင်း စကားစမြည်ပြောကာ အနားယူနေချိန် မိ​ကျောင်းတစ်ကောင်က ရေကူးကန်ဆီသို့ တည့်တည့်ဝင်လာကာ ရေထဲခုန်ဆင်းပြီး စုံတွဲရှိရာသို့ အရှိန်နဲ့ ကူးခတ်ပြီး ဝင်ဆွဲခဲ့သည်။ မမျှော်လင့်ထားပဲ ရုတ်တရက် ကြုံတွေ့လိုက်ရတဲ့ အဖြစ်ကြောင့် ထိတ်လန့်စွာနဲ့ ရေကူးပြေးကြရာ အမျိုးသားက ရေကန်ပေါ် သို့ တက်ကာ လွတ်မြောက်သွားခဲ့ပြီး အမျိုးသမီးမှာ ရေကန်ထဲ၌ မိကျောင်းလိုက်ဆွဲတာ ခံနေရသည်။


အမျိုးသားက ရေကူးကန်ဘောင်ပေါ်မှ အမျိုးသမီးရှိရာသို့ ပြေးလာခဲ့ပြီး ကူညီဆယ်တင်ရန် ကြိုးစားခဲ့ပြီး နောက်ဆုံးမှာ အမျိုးသမီးပါ လွတ်မြောက်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ဒဏ်ရာကြီးကြီးမားမား မရခဲ့သော်လည်း အမျိုးသမီးရဲ့ ကျောဘက်မှာတော့ မိကျောင်းတိုက်လိုက်ခံရမှုကြောင့် ခြစ်ရာတွေ၊ ပြတ်ရှဒဏ်ရာ အနည်းငယ်ရရှိခဲ့ပါတယ်။

မကြာမီမှာ သက်ဆိုင်ရာက ရောက်ရှိလာပြီး ရေကူးကန်ထဲမှ မိကျောင်းကို ဆယ်ယူဖမ်းဆီးနိုင်ခဲ့သည်။ မိကျောင်းအမျိုးအစားမှာ အာဖရိကမှာ ရှိတဲ့ အကြီးစားမိကျောင်း နိုင်းလ် အမျိုးအစားဖြစ်ပြီး အဆိုပါအဖြစ်ပျက်မှာ ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်၊ ထူးခြားသတင်းအနေနဲ့ ထပ်မံတင်းပြလိုက်ခြင်းသာ။
 



Follow us on