1. Home
  2. Myanmar News

ဦးရွှေရိုးက ဒေါ်မိုးကို အဓ္ဓမပြုကျင့်ကာ ခြိမ်းခြောက်လက်ထပ်ခိုင်း

Myanmar News ก.ค. 26, 2561 view 1,744

မန္တလေးတိုင်း မိတ္ထီလာမြို့နယ်တွင် ဇူလိုင်လ ၂၄ ရက်နေ့က အသက် ၁၆ နှစ်အရွယ် အငြိမ့်မင်းသမီးတစ်ဦးအား ပွဲငှားပြီးအပြန် ဆိုင်ကယ်ဖြင့် လိုက်ပို့ရာတွင် လမ်းတွင် အဓ္ဓမပြုကျင့်ကာ ခြိမ်းခြောက်ပြီး လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးခိုင်းမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မလှိုင်မြို့နယ် ရုံးစင်ကြီးရွာ အလှူပွဲတွင် ဦးရွှေရိုးနဲ့ ဒေါ်မိုး ကပြဖြေဖျော်ရန် မိတ္ထီလာမြို့မှ အငြိမ့်အဖွဲ့ကို ငှားရမ်းခဲ့သည့်အတွက် မင်းသမီးတစ်ဦးတည်းသာ အဆိုပါကျေးရွာကို လိုက်ပါသွားခဲ့သည်။
အလှူပွဲတွင် ဦးရွှေရိုးနဲ့ ဒေါ်မိုး အကကို မလှိုင်မြို့နယ် ကူနီရွာနေ ခိုင်ဇော်(ခ)ရွှေရိုး(၂၉နှစ်)နဲ့အတူ မင်းသမီးက ဒေါ်မိုးအဖြစ်  တွဲဖက် ကပြခဲ့ရပါတယ်။ အလှူပွဲပြီး ညပိုင်းတွင် အငြိမ့်မင်းသမီးကို ခိုင်ဇော်၏ နေအိမ်တွင် ညီမဖြစ်သူနဲ့ အတူအိပ်စက်စေခဲ့ပါတယ်။

နောက်တစ်နေ့ ဇယလိုင်လ ၂၃ ရက် နံနက် ၅ နာရီတွင် ခိုင်ဇော်က အငြိမ့်မင်းသမီးအား မိတ္ထီလာမြို့သို့ ဆိုင်ကယ်နှင့် လိုက်ပြန်ပို့ရာ ကံကောင်းလမ်းဆုံအကျော် ယာစောင့်တဲအတွင်း ဆွဲခေါ်ပြီး အလိုမတူပဲ တကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး ပြန်ပြောရင် သတ်ပစ်မယ်ဟု ခြိမ်းခြောက်ကာ လက်ထပ်စာချုပ်တွင် အတင်းလက်မှတ်ထိုးခိုင်းခဲ့သဖြင့် လက်မှတ်ထိုးပေးခဲ့ရကြောင်း အငြိမ့်မင်းသမီးက ရဲစခန်းတွင် ထွက်ဆိုခဲ့ပါတယ်။

မိတ္ထီလာမြို့မရဲစခန်းက ရွှေရိုး(ခ)ခိုင်ဇော်ကို အမှုအမှတ် (ပ)၃၁၁/၂၀၁၈ နဲ့ အလိုမတူ အဓမ္မပြုကျင့်မှု ရာဇသတ်ကြီးပုဒ်မ ‎၃၇၆ အရ ဖမ်းဆီး အမှုဖွင့်ထားကြောင်း DVB သတင်းတွင် ဖော်ပြပါရှိသည်။
 



Follow us on