ရွှေကစ်လို့ ပရိသတ်တွေကချစ်စနိုးခေါ်ကြပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်းနာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ ၀တ်မှုန်ရွှေရည်ကတော့ ချစ်စရာကောင်းတဲ့မျက်နှာ၊ ဖြူဖွေးနုဖတ်လွန်းတဲ့ အသားအရည်နဲ့ ပွင့်လင်းရိုးသားတဲ့ စိတ်ထားကောင်းလေးရှိတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့အလှတရားတို့ကို ပိုင်ဆိုင်ထားပြီး ဖက်ရှင်ပိုင်းမှာလည်း ခေတ်နဲ့အမှီဝတ်စားဆင်ယင်ကာ နတ်သမီးလေးတစ်ပါးလို လှပလွန်းသူလေးမို့ ပရိသတ်တွေရဲ့အချစ်ကို အပြည့်အ၀ရရှိထားတဲ့ သူမက အလှူအတန်းကုသိုလ်လည်း မကြာခဏပြုလုပ်လေ့ရှိပါတယ်။
ကစ်လေးက ဒီနေ့မှာလည်း မိသားစုနဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါသေးတယ်။ ၀ါမ၀င်ခင် အလှူအတန်းလေးလုပ်ချင်တာကြောင့် မွေးနေ့အတွက်ပါ အကြိုအလှူလေးဖြစ်အောင် ကုသိုလ်လုပ်ခဲ့တယ်ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ အလှူပုံရိပ်လေးတွေကို မျှဝေထားပါတယ်။
“ဝါမဝင်ခင် အလှူလေးလှုပ်ချင်တာရယ်ကြောင့် မွန်ကျောင်းမှာ မိသားစုနဲ့ ဝါဆိုသင်္ကန်း/ ဆွမ်း / နဝကမ္မ ကပ်လှူခဲ့ပါတယ်။ မွေးနေ့အကြို အလှူလေးပေါ့” ဆိုတဲ့ စာသားလေးရေးကာ အလှူပုံရိပ်လေးတွေမျှဝေထားတာဖြစ်ပါတယ်….
ရွှေကစ်လေးဟာ သြဂုတ်လ (၁၀)ရက်နေ့မှာ အသက် (၃၀)ပြည့်မှာဖြစ်ပြီး ညီအစ်မ၀မ်းကွဲတော်သူဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီဖွေးဖွေးထက် တစ်ရက်ငယ်သူဖြစ်ပါတယ်... ကစ်ကိုချစ်တဲ့ ပရိသတ်တွေလည်း ကစ်ရဲ့အလှူအတန်းကို သာဓုခေါ်နိုင်ကြပါစေနော်...