1. Home
  2. Special or Others

အိမ်သာဆီးခွက်ထဲ မုန့်အချိုများထည့်ကာ ဝန်ထမ်းများကို စားခိုင်းတဲ့ကုမ္ပဏီ

Special or Others ก.ค. 30, 2561 view 1,654

တရုပ်နိုင်ငံ ဖူဂျီအန်ပြည်နယ်က လက်ဖက်ခြောက်ကုမ္ပဏီတစ်ခုမှာ အကြီးကဲဖြစ်သူအမျိုးသမီးက သူတို့ရဲ့ ကုမ္ပဏီဟာ သန်းရှင်းတယ်ဆိုတဲ့အကြောင်း ပြသချင်တဲ့အတွက် အိမ်သာထဲမှ အမျိုးသားများ ဆီးသွားသည့် ကြွေခွက်အတွင်း ဆန်နဲ့ပြုလုပ်ထားတဲ့ သွားရေစာ မုန့်အချိုများကို ထည့်ကာ ဝန်ထမ်းများကို စားဖို့စေခိုင်းခဲ့ပါတယ်။

အဆိုပါဗီဒီယို အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီး အကြီးအကဲဖြစ်သူဟာ စဉ်းစားဉာဏ် နုံ့နဲလွန်းတယ်လို့ ဝေဖန်မှုများ ပြင်းထန်ခဲ့ပါတယ်။ ဗီဒီယိုပါ ပုံရိပ်များအရ ကုမ္ပဏီရဲ့မန်နေဂျာဖြစ်သူ အမျိုးသမီးဟာ ဝန်ထမ်းမျာနဲ့အတူ အိမ်သာထဲသို့ ဝင်ခဲ့ပြီး ဆီးသွားသည့် ကြွေခွက်အတွင်းသို့ မုန့်အချိုလုံးလေးများ လောင်းထည့်လိုက်ပြီး လက်ဖြင့် နယ်လိုက်ပါတယ်။ အဲဒီနောက် “ဒီမှာကြည့် ငါအရင်စားပြမယ်” ဟုဆိုကာ ကြွေခွက်ထဲမှ မုန့်တစ်ခုကို ကောက်စားလိုက်ပါတယ်။ အဲဒီနောက်မှာ ဝန်ထမ်းတွေကလည်း သူမနည်းတူ လိုက်စားပြခဲ့ကြရပါတယ်။

ဒါတင်မကသေးပါဘူး အဲဒီနေ့က နေ့လည်စားကို ဝန်ထမ်းတွေအားလုံး အိမ်သာထဲမှာပဲ စားသောက်ခဲ့ကြရပါတယ်။ ဒါဟာ သူတို့ကုမ္ပဏီရဲ့ သန့်ရှင်းမှုကို ပြသကြောင်း ယခုလို ပြုလုပ်ခဲ့တာဟာ ကုမ္ပဏီရဲ့ ရိုးရာအလေ့အထလိုဖြစ်နေပြီး ၂၅ နှစ်တိုင်ရှိခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါဗီဒီယိုကို ကြည့်ရှုပြီး အွန်လိုင်းသုံးသူတစ်ဦးက “အိမ်သာသန့်ရှင်းကြောင်း ပြသဖို့ နည်းလမ်းပေါင်းများစွာရှိပါတယ် ဒါပေမယ့် အသုံမကျဆုံး နည်းလမ်းကိုမှ ရွေးလိုက်တာပဲ” လို့ ကုမ္ပဏီမန်နေဂျာကို ပြင်ထန်စွာ ဝေဖန်ခဲ့ပါတယ်။

အိမ်သာသန့်ရှင်းရေး တာဝန်ယူထားသူအမျိုးသမီးကြီးကတော့ ကုမ္ပဏီကအိမ်သာတွေကို ရေသန့်နဲ့အထပ်ထပ်ဆေးကြောထားတာဖြစ်လို့ အစားအသောက်ထည့်စားမယ်ဆိုရင်တောင် စားနိုင်ပါတယ်လို့ မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။
ဘယ်လောက်ပဲသန့်သန့် မိတ်ဆွေဆိုရင်ရော အိမ်သာကြွေခွက်ထဲ အစားအသောက် ထည့်စားနိုင်ပါ့မလား..?
 



Follow us on