1. Home
  2. Special or Others

လူ ၈ ဦး ဝိုင်းဝန်းအဓ္ဓမကျင့်မှုကြောင့် ဇီး(ကိုယ်ဝန်)ရှိနေတဲ့ ဆိတ်မကြီး သေဆုံး

Special or Others ก.ค. 30, 2561 view 1,557

သတင်းခေါင်းစဉ်ကို ဖတ်ကြည့်ပြီး “ဟုတ်ရော၊ ဟုတ်ရဲ့လား..? ပေါက်ကရတွေပါကွာ” ဟု သင် တွေးကောင်း တွေးမိသွားပါလိမ့်မယ်။ ဒါပေမယ့် တစ်ကယ့်ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

ဇီး(ကိုယ်ဝန်) အရင်းအမာကြီးနဲ့ ဆိတ်မကြီးဟာ လူ(၈)ဦးပါ အုပ်စုတစ်ခုရဲ့ ဝိုင်းဝန်း မဓ္ဓမပြုကျင့်မှုကြောင့် ဝေဒနာခံစားခဲ့ရပြီး သိပ်မကြာခင်မှာ သေဆုံးခဲ့တယ်လို့ ဆိတ်ပိုင်ရှင်ဖြစ်သူက ပြောကြားခဲ့ပါတယ်။

အန္ဒိယသတင်းစာ (The New Indian Express)ရဲ့ ဖော်ပြအရ အဆိုပါအဖြစ်ပျက်ဟာ ဇူလိုင် ၂၅ ရက်နေ့က ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အုပ်စုထဲမှ ၃ ဦးဟာ ဘယ်သူတွေလည်းဆိုတာ သိရှိရပြီး ကျန် ၅ ဦးကိုတော့ မသိရသေးဖူးလို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ၈ ဦးစလုံး ထွက်ပြေးလွတ်မြောက်နေဆဲပါ။

သူတို့က ဆိတ်မကြီးကို ကျွန်တော်အိမ်ကနေ အဲဒီနေ့ညနေပိုင်းမှာ ဝိုင်းဆွဲသွားခဲ့ပါတယ်။ သူတို့ထဲကတစ်ယောက်က စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူပါ။ မင်တို့ကို ငါရဲတိုင်မယ်လို့ ပြောတော့ သူတို့က မင်းလုပ်ချင်ရာလုပ် ဂရုမစိုက်ဘူး လို့ ပြန်ပြောပါတယ်။ သူတို့ကိုကြည့်ရတာ ထောင်တွေတန်းတွေလည်း ကြောက်ပုံမရသလို လူကြီးပိုင်းနဲ့လည်း အဆင်အသွယ်ရှိပုံရပါတယ်” ဟု ဆိတ်ပိုင်ရှင် အက်စလူ က ပြောကြားခဲ့ပါတယ်။

သူတို့တွေက လယ်ကွင်းထဲမှာ ဆိတ်မကြီးကို မတော်မတရားတွေလုပ်ကြတယ်၊ ကျွန်တော်သိလို့ အော်ဟစ်ပြီး ပတ်ဝန်းကျင်ကို အကူညီတောင်းလို့ လူတွေရောက်လာပြီး သူတို့ထွက်ပြေးသွားကြတယ်။ ဒါပေမယ့် နောက်ထပ် ၈ နာရီလောက်အကြာမှာ ထပ်ရောက်လာပြီး ကျွန်တော်ဆိတ်မကြီးကို ခေါ်သွားပြီး အဓ္ဓမကျင့်ခဲ့ကြတာပါ” ဟု သူက ထပ်ဖြည့်ပြောပါတယ်။

ရဲတွေက သေဆုံးခဲ့တဲ့ ဆိတ်မကြီးကို ဆေးစစ်ချက်ယူနေပြီး သံသယရှိသူတွေရဲ့ နေအိမ်ကိုလည်း ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ဥပဒေပုဒ်မ ၃၇၇ (သဘာဝမကျသော လိင်ဆက်ဆံမှု) ပုဒ်မ ၄၂၇ (ထိခိုက်နစ်နာမှု) တို့နဲ့တရားစွဲဆိုထားကြောင်း သိရှိရသည်။
 



Follow us on