1. Home
  2. Special or Others

သေချင်ယောင်ဆောင်ပြီး ငွေကြေးရယူခဲ့သူရဲ့ ဘဝ အမှန်တစ်ကယ်သေဆုံး

Special or Others ก.ค. 30, 2561 view 1,459

သေချင်းတရားဆိုတာ လှည်ဖြားစရာကောင်းတဲ့အရာမျိုးမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သေသွားပြီလို့ လိမ်ညာဟန်ဆောင်တာဟာ အပျော်သဘောဖြစ်ဖြစ်နဲ့တောင် မလုပ်စကောင်းတဲ့အရာပါ၊ အထူးသဖြင့် ကိုယ့်ကို ချစ်ခင်ကြတဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မိသားစုတွေ အပေါ်မှာ ပိုပြီးမလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက Tachawit  ဆိုသူ အမျိုးသားတစ်ဦးဟာ ငွေကြေးအခက်ခဲကြောင့် ဇနီးဖြစ်သူနဲ့ တိုင်ပင်ပြီး သူသေသွားပြီလို့ လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့် သတင်းလွှင့်ခဲ့ပါတယ်။ ကြမ်းပြင်ပေါ်မှာ လူသေတစ်ယောက်လို လဲလျောင်းနေပြီး နှားခေါင်းထဲမှာလည်း ဂွမ်းတွေစို့ကာ လူသေတစ်ယောက်ပုံစံ ဓါတ်ပုံကို သူ့ရဲ့ဖေ့စ်ဘွခ်အကောင့်ပေါ်ကနေ ဇနီးဖြစ်သူက ခင်ပွန်း ကွယ်လွန်သွားပြီဖြစ်ကြောင်း သင်္ဂြိုလ်စရိတ် အခက်အခဲဖြစ်နေကြောင်း စာရေးသားတင်ခဲ့ပါတယ်။

ချက်ခြင်းဆိုသလို မိတ်ဆွေအပေါင်းအသင်းတွေက အံ့သြပြီး ဘယ်လိုဖြစ်တာလဲ၊ စသည်ဖြင့် သတင်းတွေမေးလာကြပါတယ်။ ခင်ပွန်းသည်ဟာ ကင်ဆာရောဂါနဲ့ ရင်ကြပ်ရောဂါ နာတာရှည်ခံစားနေခဲ့ရသူဖြစ်ကြောင်း မည်သူ့ကိုမျှ အသိမပေးခဲ့ပေမယ့် နောက်ဆုံးမှာ ရောဂါအခြေနေဆိုးလာပြီး သေဆုံးခဲ့ကြောင်း ဇနီးဖြစ်သူက ရှင်းပြခဲ့ပါတယ်။ သူ့ရဲ့ မိတ်ဆွေတွေက များစွာ စိတ်မကောင်းဖြစ်ပြီး နာရေးအတွက် အကူငွေများ ပို့ပေးခဲ့ကြပါတယ်။

ဇနီးဖြစ်သူက ယောက္ခမထံကိုလည်း ဖုန်းဆက်ပြီး အခေါင်းဝယ်ရန် ပိုက်ဆံမရှိကြောင်း ပြောဆိုခဲ့သဖြင့် Tachawit ရဲ့ မိဘများက သင်္ဂြိုလ်စရိတ်နဲ့ အလောင်းကို သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ လန်ပန်းစီရင်စုကို ပြန်သယ်ယူလာဖို့ စရိတ်စကအားလုံးကို ပို့ပေးခဲ့ကြပါတယ်။ ဒါ့အပြင် အလောင်းရောက်လာရင် အဆင်သင့်ဖြစ်နေအောင် သူတို့မြို့မှာလည်း ပြင်ဆင်ထားခဲ့ကြပါတယ်။

ဒါပေမယ့် နောက်တစ်နေ့မှာ သားဖြစ်သူရဲ့ အလောင်းရော ချွေးမပါ ရောက်မလာတဲ့အတွက် မိဘတွေနဲ့ အပေါင်းအသင်းတွေ အံ့အားသင့်ခဲ့ကြပါတယ်။ အဲဒီနောက် တစ်ယောက်က Tachawit ရဲ့ ဖုန်းကို ဆက်တဲ့အခါမှာတော့ Tachawit ကိုယ်တိုင် လာကိုင်ပြီး ချက်ခြင်းဆိုသလို ဖုန်းပြန်ချသွားခဲ့ပါတယ်။
အဲဒီမှာတင် သူတို့အားလုံး အလိမ်ညာခံလိုက်ရပြီဆိုတာ သိသွားကြပါတယ်။

မိဘတွေကတော့ သားအပေါ်အပြစ်မတင်တော့သလို အဆက်အသွယ်လည်း လုံးဝဖြတ်ပစ်လိုက်ပါတယ်။ သူငယ်ချင်းတွေကတော့ “အကျင့်မကောင်းတဲ့ကောင်၊ မင်းနဲ့ သူငယ်ချင်းဖြစ်ရတာ ရှက်လိုက်တာကွာ၊ မင်မို့လို့ လုပ်ရက်တယ်၊ ဟေ့ရောင် ငါတို့နဲ့ မင်းပြတ်ပြီ၊ တစ်ကယ်သွားသေလိုက်တော့” စသည်ဖြင့် အွန်လိုင်းမှာ ဝိုင်းဝန်းရေးသားပြောဆိုခဲ့ပါတယ်။

Tachawit တို့ လင်မယားနှစ်ယောက်လုံးရဲ့ ဖေ့စ်ဘွခ်အကောင့်တွေမှာ ဘာမှအသစ်ထပ်မတင်ခဲ့ပဲ ကနဦးတင်ထားခဲ့သည့် Tachawit ရဲ့ သေဟန်ဆောင်နေတဲ့ ဓါတ်ပုံမှာ စာသားပြင်ပြီး အာလုံးကို တောင်းပန်ကြောင်း ဖော်ပြထားပါတယ်။

Tachawit ကတော့ လူမသပေမယ့် ပတ်ဝန်းကျင်မှာ ဘဝသေသွားသူတစ်ဦးဖြစ်နေရပါတယ်။ ဒါကြောင့်မို့ တစ်ဖက်သားရဲ့ ယုံကြည်မှုကို ငွေကြေးအတွက်နဲ့ အလွဲသုံးစား မလုပ်မိဖို့က အရေးကြီးတယ်ဆိုတာ Tachawit တစ်ယောက် အသိနောက်ကျခဲ့ပြီဖြစ်ပါတယ်။
 



Follow us on