1. Home
  2. Special or Others

အိမ်ရှင်ကိုနှိုးပြီး Wi-Fi ပတ်စ်ဝေါ့မေးတဲ့ သူခိုး ဖမ်းဆီးခံရ

Special or Others ก.ค. 30, 2561 view 1,525

ညအချိန်မတော် အိမ်ထဲကို ဖောက်ထွင်းဝင်ခဲ့ပြီးနောက် အင်တာနက် သုံးရန် Wi-Fi password မသိတဲ့အတွက် အိမ်ရှင်ကို နှိုးပြီး မေးခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် ပါလိုအယလ်တို ရှိ နေအိမ်တစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သူခိုးဟာ အဖိုးကြီး အဖွားကြီး လင်မယားနှစ်ဦးတည်း နေထိုင်ရာ အိမ်ကို ညဉ့်နက် ၁၂ နာရီခွဲအချိန်ခန့်မှာ ဖောက်ထွင်းဝင်ရောက်ခဲ့ပါတယ်။ အဲဒီနောက် အင်တာနက် ဝိုင်ဖိုင် ပတ်စ်ဝေါ့ကို မသိသဖြင့် အိမ်ရှင်ဖြစ်သူအား နှိုးပြီး မေးခဲ့သည်။

အဖိုးကြီးမှာ အိပ်ပျော်နေစဉ် အနှိုးခံလိုက်ရပြီး လူစိမ်းတစ်ဦးကို သူ့အိပ်ယာနဘေးမှာ တွေ့လိုက်ရချိန် လန့်ဖြန့်ကာ အိပ်ယာထဲမှ ခုန်ထခဲ့ပြီး သူခိုးနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ပါတယ်။ အဲဒီနောက် အိပ်ခန်းထဲကနေ အိမ်အပြင်ဘက်ရောက်အောင် မောင်းထုတ်ခဲ့ပါတယ်။ သူခိုးက အိမ်ကနေ စက်ဘီးတစ်စ်စီး အလစ်သုတ်ကာ ထွက်ပြေးသွားခဲ့ပါတယ်။

ရဲများကို အကြောင်းကြားခဲ့ပြီး သိပ်မကြာမီ သူခိုးကို ဖမ်းဆီးမိခဲ့ပါတယ်။ သေးငယ်တဲ့အမှုဖြစ်တဲ့အတွက် ရဲဌါနက တရားခံရဲ့အမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။ လူငယ်ဟာ အင်တာနက်ဂိမ်းများ စွဲလမ်းနေသူ ဖြစ်ဟန်တူပြီး GTA (Grand Thief Auto) ဂိမ်းဆန်ဆန် ပြုမူခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။
 



Follow us on