1. Home
  2. Special or Others

မွေးရာပါလက်နှစ်ချောင်း အပိုပါလာတဲ့ မိန်းကလေးအား ခွဲစိတ်ကုသပေးတော့မည်

Special or Others ก.ค. 31, 2561 view 1,638

ရင်ဘတ်ပေါ်တွင် လက်ချောင်းနှစ်ချောင်း တွဲလွဲခိုလျှက် အပိုပါလာသော အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ခွဲစိပ်ကုသမှုများ ပြုလုပ်ပေးတော့မည်ဖြစ်ကြောင်း သိရှိရသည်။

Veronica Cominguez ဟာ ဖိလစ်ပိုင် နိုင်ငံသူဖြစ်ပြီး အပိုပါလာသော လက်နှစ်ချောင်းကို ခွဲစိပ်ဖယ်ရှားပြီးပါက ပုံမှန်ဘဝအတိုင်း ဆက်လက်နေထိုင်သွားမည်ဖြစ်သည်။ သူမဟာ အိမ်နီးနားချင်းတို့ရဲ့ ငွေကြေးအကူအညီများနဲ့ အခုဆိုရင် ခွဲစိပ်ကုသဖို့ ထိုင်းနိုင်ငံကို မကြာခင်သွားတော့မှာ ဖြစ်ပါတယ်။

သမီးငယ်ငယ်က အဲဒါလေးကို ခြေထာက်လို့ ထင်တာ၊ ဒါပေမယ့် ကြီးလာတာနဲ့အမျှ သူကလည် လိုက်ကြီးလာတယ်” လို့ ဆိုပါတယ်။

Veronica မှာ အပိုပါလာတဲ့ လက်နှစ်ချောင်းဟာ သူမရဲ့ အစာအိမ်နေရာကနေ ဆင့်ပွားထွက်နေတာပါ။ ဒီလက်ချောင်းလေးတွေရဲ့ လက်သည်းဟာ ပုံမှန်အတိုင်း လိုက်ရှည်နေတဲ့အတွက် သူမက လက်သည်းညှပ်ပေးရပါတယ်။

ဒီလက်နှစ်ချောင်းဟာ လေးလံတဲ့အတွက် သူမရဲ့လှုပ်ရှာမှုတွေမှာ အနှောက်အယှက်ဖြစ်စေသလို အရည်တစ်မျိုးလည်း ထွက်တတ်တဲ့အတွက်လည်း အင်္ကျီတွေအမြဲ စိုနေတတ်တယ်လို့ ပြောပါတယ်။
Veronica ရဲ့ မိခင်ဖြစ်သူ Flora Cominguez က သူမကို ကိုယ်ဝန်ဆောင်စဉ် ဆရာဝန်နဲ့ သေချာမပြနိုင်ပေမယ့် အမွှာလေးမွေးမယ်လို့ မှတ်ထင်ထားပြီး နံမည်နှစ်ခုတောင် စဉ်းစားထားခဲ့ကြောင်း ပြောဆိုပါတယ်။

Veronica နေထိုင်တဲ့ နယ်မြေအုပ်ချုပ်သူတွေကလည်း သူမအတွက် အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးနေကြပြီး လာမယ့်အပတ်မှာ ခွဲစိတ်ကုသမှုပြုလုပ်နိုင်အောင် ထိုင်းနိုင်ငံကို သွားဖို့ရှိနေပါတယ်။
 



Follow us on