1. Home
  2. Movie Stars - Celebrity

အမှုကို အမြန်ဆုံးစစ်ဆေးပြီးစီးချင်ပါပြီလို့ အစ္စဏီအစ်ကိုဖြစ်သူ ကျော်စွာပြော

Movie Stars - Celebrity ก.ค. 31, 2561 view 1,453

ပရိတ်သတ်တိုင်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတဲ့ အဆိုတော်အစ္စဏီနဲ့ မော်ဒယ်စူးယှထက်တို့ရဲ့ အမှုကတော့ ယခုချိန်ထိအမှုမှန်ပေါ်ပေါက်ခြင်းမရှိသေးပဲ ရုံးချိန်များဖြင့်သာ တစ်ပတ်ပြီး တစ်ပတ်ကုန်ဆုံးနေလျက်ရှိပါတယ်။ ဇူလိုင်လ (၃၀)ရက်နေ့မှာတော့ အဆိုတော်အစ္စဏီကို (၁၁)ကြိမ်မြောက်  ရုံးထုတ်စစ်ဆေးခဲ့ကာ တရားလိုစူးရှထက်ကတော့ ရုံးချိန်းကိုရောက်လာခြင်းမရှိပဲ ပျက်ကွက်ခဲ့ပါတယ်။

ရုံးချိန်းကို တက်ရောက်လာတဲ့ တရားခံ အစ္စဏီကတော့ နေမကောင်းဖြစ်နေတယ်လို့ သိရပါတယ်။  နေမကောင်းဖြစ်နေခဲ့တာ (၃)ပတ်လောက်ရှိပြီဖြစ်ပြီး  နဂိုတည်းက အသက်ရှူကြပ်တတ်တဲ့ ရောဂါရှိနေတဲ့ အစ္စဏီအဖို့ ထောင်ထဲမှာ အစားအသောက်လည်း ဒုက္ခရောက်တာကြောင့် နေမကောင်းဖြစ်နေတာပါဆိုပြီး အစ်ကိုဝမ်းကွဲတော်သူ ကျော်စွာမှ ရုံးချိန်းတတ်ရောက်ရင်း မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

“နေမကောင်းတာက ကြာပြီ၊ (၃)ပတ်လောက်ရှိပြီ။ သူ့ပရိသတ်တွေစိုးရိမ်မှာစိုးလို့ မပြောသေးတာ။ သူက နဂိုတည်းက အသက်ရှူကြပ်တတ်တယ်လေ၊ ပြီးတော့ ရေအခက်အခဲကြောင့်ရော၊ အစားသောက်ဒုက္ခရောက်တာတွေကြောင့် ဖြစ်တာပါ” ဆိုပြီး အစ္စဏီနေမကောင်းဖြစ်နေရတဲ့ အကြောင်းကို ပြောပြခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လဲ ဒီအမှုနဲ့ ပတ်သက်ပြီး အဖြစ်မှန်အမြန်ဆုံးပေါ်ပေါက်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် အမြန်ဆုံးစစ်ဆေးပြီးစီးချင်နေပါပြီ ဆိုပြီးတော့လည်းထပ်မံပြောကြားခဲ့ပါတယ်။

“အဓိက မြန်မြန်ပြီးသွားဖို့နဲ့ မြန်မြန်စစ်သွားဖို့ပါပဲ၊ ဘယ်ရုံးမှာပဲစစ်စစ် အရေးမကြီးပါဘူး။ အမှန်ကတော့ အမှန်ပေါ်မှာပဲမို့ ကျွန်တော်တို့က ဖြစ်ရပ်မှန်ပေါ်အောင်ကြိုးစားသွားမှာပါ။ အဓိကက မြန်မြန်ပြီးသွားဖို့ပါပဲ” ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

(၁၁)ကြိမ်မြောက်ရုံးချိန်းတက်ရောက်လာတဲ့ အဆိုတော်အစ္စဏီကတော့ နားထင်မှာပလာစတာကပ်နဲ့ နေမကောင်းဖြစ်ကာ ပင်ပန်းနွမ်းနယ်နေတဲ့ပုံစံမျိုးပေါက်နေပေမယ့် စူးရှထက်ကတော့ တရားရုံးပြောင်းလျှောက်ထားမှုကြောင့် ရုံးချိန်းတက်ရောက်ရန် ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။ သြဂုတ်လ (၃)ရက်နေ့မှာတော့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ စူးရှထက်ရဲ့ရုံးပြောင်းစစ်ဆေးရန်လျှောက်ထားမှုကို လက်ခံမခံဆိုတာကို ကြားနာသွားမှာဖြစ်ပါတယ်...

 

Source _ Myanmar Celebrity

 
 


Follow us on