1. Home
  2. Movie Stars - Celebrity

ဇေရဲထက်ကို ရင်ထဲကစကားတွေထုတ်ပြောပြလိုက်တဲ့ ရွှေမှုန်ရတီ

Movie Stars - Celebrity ก.ค. 31, 2561 view 1,956

ပရိသတ်တွေချစ်ခင်အားပေးကြတဲ့ လူငယ်အနုပညာရှင်တွေဖြစ်ကြတဲ့ မင်းသမီးချောလေး ရွှေမှုန်ရတီနဲ့ မင်းသားချော ဇေရဲထက်တို့ကတော့ သွေးသားရင်းချာတွေလို ချစ်ခင်ကြတဲ့ အနုပညာမောင်နှမတွေပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုသံယောဇဉ်ကတော့ ပရိသတ်တွေထင်တာထက် ပိုပြီးနက်ရှိုင်းလှပါတယ်။ ရွှေမှုန်လေးက သူမသရုပ်ဆောင်စလုပ်ခါစ အချိန်ကနေ ယခုချိန်ထိ သွေးသားအရင်းတစ်ယောက်လို ချစ်ခင်ပေးတဲ့ သူငယ်ချင်းဇေရဲထက်ကို ရင်ထဲကပြောချင်နေတဲ့စကားတွေကို သူမရဲ့လူမှုကွန်ယက်ကနေ ပရိသတ်တွေပါသိအောင် မျှဝေရေးသားပြောဆိုခဲ့ပါတယ်။

“သဲကိုလေ သရုပ်ဆောင်စလုပ်ထဲကနေ အခုချိန်ထိ ရင်ထဲကနေ မြတ်မြတ်နိုးနိုးနဲ့ ကိုယ့်သွေးသားလို ခင်မင်ချစ်ခင်ပေးတဲ့ သူငယ်ချင်းအတွက် ရင်ထဲကစကားများ….ဘာတွေဖြစ်ဖြစ် သဲဘက်နေရပ်တည်ခဲ့တဲ့သူ၊ သဲဆိုးသမျှ အနိုင်ကျင့်သမျှ တစ်ချက်မငြိုငြင်ခဲ့သူ၊ ယနေ့ချိန်ထိ သဲသူ့အပေါ် လွန်ခဲ့တာတွေကိုတောင် မေ့ပစ်ပြီးခွင့်လွှတ်နေသူ ကျေးဇူးတင်ပါတယ်။ ငါပြောင်းလဲပေမဲ့ နင်မပြောင်းလဲလို့ အသက်ကြီးလာလို့လားမသိဘူး နင်မေတ္တာတွေငါနားလည်လာပြီ။ ငါကိုနားလည်ပေးခဲ့တာတွေ ကျေးဇူးတင်ပါတယ်၊ ငါလဲနင်နဲ့ထပ်တူချစ်ပါတယ်။

You are the best friend for me 
Sorry for everything 
And thx you for loving me
This letter for Zay Yelhtet” ဆိုပြီး သူမဆိုးခဲ့တိုင်းလည်း ဗွေမယူပဲ နားလည်ခွင့်လွှတ်ပေးခဲ့တယ့် သူငယ်ချင်းဇေရဲထက်ရဲ့ မေတ္တာတရားတွေကို နားလည်ပါပြီဟုဆိုကာ ရေးသားထားတာဖြစ်ပါတယ်။

ရွှေမှုန်ရတီရဲ့ ကျေးဇူးတင်ရင်ဖွင့်စကားတွေနဲ့ပတ်သက်ပြီး ဇေရဲထက်ဘက်ကလည်း ယခုလိုပဲပြန်လည်ရေးသား ပြောဆိုခဲ့ပါတယ်။

“နင့်ရဲ့ဖြူစင်တဲ့မေတ္တာတွေကြောင့် နင့်ကိုပြည်သူတွေချစ်နေကြတာပါးးးးးးးးး နင်ဘာလုပ်လုပ်ချစ်ကြပါတယ်းးးးးး နင့်ရဲ့ကံကိုက မိဘလုပ်ကျွေးလို့ ဒီ့ထက်မကကောင်းဦးမှာပါးးးးးးးး ငါအမြဲပြောဘူးသလိုပေါ့ နင်ဘယ်တော့မှ စိတ်မဆင်းရဲဘူး စိတ်ဆင်းရဲလည်းခဏပါးးး နင်ကမိသားစုပေါ အရမ်းကောင်းပြီးမိဘကိုလုပ်ကျွေးလို့ပါးးးး ငါ့ကိုအခုလိုနင့်စိတ်ထဲမှာရှိပေးတဲ့အတွက်ကျေးဇူးပါးးး ငါနဲ့ပတ်သတ်တဲ့လူမှန်သမျှ ငါစိတ်ချမ်းသာစေချင်တယ် ပျော်စေချင်တယ်းးး နင်ပျော်နေတာပဲငါအမြဲမြင်ချင်တယ် ဒါငါ့ရဲ့ရင်ထဲကလာတဲ့စေတနာပါးးး” ဆိုပြီး ကျေးဇူးတင်စကားလေးကို ကြည်နူးဖွယ် ပြန်လည်ရေးသားခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ပရိသတ်တွေကတော့ သူငယ်ချင်းနှစ်ယောက်ရဲ့ အပြန်အလှန်ချစ်စရာကောင်းတဲ့ ရင်တွင်းစကားတွေကြောင့် ပီတိဖြစ်လို့နေပါတယ်... ပရိသတ်ကြီးကရော မေတ္တာအတုအယောင်တွေပေါတဲ့ ခေတ်ကြီးမှာ မင်းသားချောဇေရဲထက်လိုမျိုး ကိုယ့်အပေါ်နားလည်ခွင့်လွှတ်ပြီး မေတ္တာစစ်နဲ့ခင်မင်ကာ ကူညီဖေးမလမ်းပြတတ်တဲ့ သူငယ်ချင်းမျိုး မလိုချင်ကြဘူးလား....

 



Follow us on