1. Home
  2. Movie Stars - Celebrity

နာရေးကားမောင်းနေတဲ့ မေမြင့်မိုရ်

Movie Stars - Celebrity ก.ค. 31, 2561 view 1,927

သရုပ်ဆောင် မင်းသမီးချော မေမြင့်မိုရ် ကတော့  ဧပြီလက စတင်ပြီး နာရေးကူညီမှုအသင်းမှာ နာရေးကားမောင်းခြင်းနှင့် အလောင်းသယ်ခြင်းများကို ကူညီဆောင်ရွက်ပြီး လုပ်အား ကုသိုလ် ပြုနေပါတယ်လို့ သိရပါတယ် ။ အလုပ်အားလျှင် တစ်လ လေးကြိမ်သွားရောက် ကူညီပေး ဖြစ်ပြီး အလုပ်မအားပါက တစ် လနှစ်ကြိမ် ကူညီပေးဖြစ်တယ်လို့လဲသိရပါတယ်။

‘ပထမဆုံးအတွေ့အကြုံမှာ အားလုံးကသင်ပေးကြတယ်။ ကိုယ်တိုင်လုပ်ရတဲ့အချိန်မှာ တော်တော်ခံစားရတယ်။ သေ သွားရင် ကိုယ်ကတစ်ယောက် တည်းပဲဆိုတော့ ချမ်းသာတာတွေ၊ အောင်မြင်တာတွေက ကိုယ့် နောက်မပါဘူးဆိုတာ သိလာရ တယ်။ ကိုယ်တောင် သံဝေဂတော်တော်ရတယ်။ နောက်ဆုံး ခရီးမှာ လိုက်လုပ်ပေးခွင့်ရတဲ့အတွက် စိတ်ကို ဖြူဖြူစင်စင် ထားပြီးလုပ် ပါတယ် ။ ဒါမျိုးက ကိုယ်လည်းတစ် နေ့ဖြစ်မှာပဲလေ။ ရှောင်လွှဲလို့ရ တဲ့အရာလည်း မဟုတ်ဘူး။ ဒီလို မျိုး အတွေ့အကြုံတွေကို ကိုယ် က ကိုယ်တိုင်မြင်ထားတော့ စိတ် တွေလည်း ပိုပြီးလျှော့ချနိုင်လာ တယ်’’ ဆိုပြီး ပြောထားပါတယ်။

လက်ရှိတွင် ဒါရိုက်တာ အောင်ဇော်လင်း ရိုက်ကူးသည့် အချစ်ဆုံးဟုအမည်ရသည့် ရုပ် ရှင်ဇာတ်ကားကြီးတွင် ပါဝင်သ ရုပ်ဆောင်နေပြီး အနုပညာလှုပ်ရှားမှုတွေလည်း အဆက်မပြတ်လုပ်နေတယ်လို့သိရပါတယ်။

 

Crd:7day



Follow us on