လက်ရှိအွန်လိုင်းပေါ်မှာ ခေတ်စားနေတာကတော့ အမေရိကန်အဆိုတော် Drake ရဲ့ In My Feeling သီချင်းလေးနဲ့ KiKi Challenge လေးလုပ်ပြီး အပြိုင်အဆိုင် ကပြနေကြတာပဲဖြစ်ပါတယ်။ ထို KiKi Challenge လေးကို မြန်မာနိုင်ငံမှာလည်း တစ်ချို့အနုပညာရှင်များနဲ့ ဆယ်လီများက အပျော်သဘောလေး စိန်ခေါ်ကပြလျက်ရှိပါတယ်။ ကလေးသရုပ်ဆောင်ဘ၀လေးထဲက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို ခံထားရတဲ့ လူငယ်သရုပ်ဆောင် အိစိကွေးကလည်း KiKi Challenge လေးကို သူမတူတဲ့ ပုံစံနဲ့ အမိုက်စားလေး ကပြလိုက်ပါတယ်။
တစ်ခြားသူတွေကတော့ ပုံမှန်ကနေကြအတိုင်း ကားပေါ်ကဆင်းပြီး လမ်းလျှောက်ကပြခဲ့ကြပေမယ့် အိစိကွေးကတော့ သူမတူတဲ့ မြန်မာအထာလေးနဲ့ ဆိုက်ကားနဲ့ အမိုက်စားကပြလိုက်တာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အိစိကွေးရဲ့ ကပုံကကွက်နဲ့ ပုံစံဒီဇိုင်းတွေကို သဘောကျနှစ်ခြိုက်လို့နေကြပါတယ်။ မြန်မာပီပီ မြန်မာအထာလေးနဲ့ အမိုက်စားကပြခဲ့တယ့် သရုပ်ဆောင် အိစိကွေးရဲ့ ဗီဒီယိုင်လေးကို မျှဝေပေးလိုက်ပါတယ်....