1. Home
  2. Myanmar News

သားအဖသုံးဦး လမ်းလျှောက်လာစဉ် ဖခင်ဖြစ်သူ တံတားပေါ်မှ ခုန်ချသတ်သေမှုဖြစ်ပွား

Myanmar News ส.ค. 01, 2561 view 1,426

ဇူလိုင်လ ၃၁ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးကျောက်တော်မြို့တွင် သားသမီးကလေးငယ် နှစ်ဦးနဲ့အတူ လမ်းလျှောက်လာသော အမျိုးသားမှာ ဂစ္ဆနဒီတံတားအ​ရောက်တွင် တံတားပေါ်မှ ခုန်ချကာ မိမိကိုယ်ကိုသေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့သည်။

တံတားပေါ်တွင် အသက် (၈) နှစ်အရွယ် သားဖြစ်သူ မိုးထက်အာကာကျော်နှင့် သမီးဖြစ်သူ မခိုင်သဇင်သင်း အသက် (၄) နှစ် တို့နှစ်ဦး ငိုယိုနေသည်ကို ကျောင်းဆရာတစ်ဦးဖြစ်သူ ဦးဝင်းခိုင်က တွေ့ရှိပြီးနောက် မေးမြန်းခဲ့ရာ ဖခင်ဖြစ်သူ ရေထဲခုန်ချသွားကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှ မြောက်ဦးမြို့၊ ညောင်ပင်ဈေးရပ်ကွက်၊ ရတနာပုံရပ်မှ ဦးကုလားချေ (၃၀)နှစ် (ဘ) ဦးမောင်စောနုဖြစ်ကြောင်း ကျောက်တော်မြို့မ ရဲစခန်းမှူး ဒုရဲမှူး စောလွှင်က အတည်ပြုပြောကြားခဲ့သည်။

သေဆုံးသူမှာ ဇနီးဖြစ်သူနှင့် အိမ်ထောင်ကွဲနေသူဖြစ်ပြီး၊ လက်ရှိတွင် ကလေးနှစ်ဦးကို ရဲစခန်းတွင် ခတ္တစောင့်ရှောက်ထားပြီး ဦးကုလားချေအား လိုက်လံရှာဖွေနေဆဲဖြစ်သည်။ အလောင်းကို မတွေ့ရှိရသေးသဖြင့် သေသည်လား၊ ရှင်သည်လားကို အတည်မပြုနိုင်သေးကြောင်း နိရဉ္စရာ သတင်းဌါနတွင် ဖော်ပြရေးသားထားသည်။



Follow us on