1. Home
  2. Special or Others

ထိုင်းနိုင်ငံက တိရိစ္ဆာန်ရုံမှာ မိကျောင်းနဲ့ သရုပ်ပြသူ မိကျောင်းကိုက်ခံရ

Special or Others ส.ค. 01, 2561 view 1,776

ဇူလိုင်လ ၂၉ ရက် တနင်္ဂနွေနေ့က ထိုင်းနိုင်ငံမြောက်ပိုင်း ချိုင်ရိုင်မှာရှိတဲ့ ဖိုခါသရာ တိရိစ္ဆန်ရုံရဲ့ မိကျောင်းပြပွဲကန်ထဲမှာ မိကျောင်းနဲ့ သရုပ်ပြဖျော်ဖြေသူတစ်ဦးဟာ ပရိသတ် ၁၀၀ ခန့်ရှေ့မှာ ဖျော်ဖြေပြသနေစဉ် မိကျောင်းကိုက်ခံခဲ့ရပါတယ်။

ဗီဒီယိုပါ ပုံရိပ်အရ သရုပ်ပြသူဟာ မိကျောင်းရဲ့ ပါးစပ်ထဲကို လက်တစ်ချောင်းလုံး တစ်ဆုံးနှိုက်နေစဉ် မိကျောင်းက ရုတ်တရက် ကိုက်ခဲ့တာဖြစ်ပါတယ်။ မိကျောင်းရဲ့ ပါးစပ်ထဲမှ သူ့ရဲ့လက်ကို အတင်းရုန်းထုတ်ပြီး သွေးစက်လက်နဲ့ အတွင်းထဲ ဝင်ပြေးသွားတဲ့ မြင်ကွင်ဟာ သွေးပျက်စရာကောင်းလှပါတယ်။

အဆိုပါဗီဒီယိုကိုတော့ အသက် ၃၅ နှစ်အရွယ် ခွန်ဖြူဆဝပ် ဆိုသူက သူ့ရဲ့မိသားစုနဲ့ တိရိစ္ဆာန်ရုံ သွားရောက်လည်ပတ်စဉ် အမှတ်တရ ရိုက်ကူးခဲ့ရာမှ မမျှော်လင့်တဲ့ အဖြစ်နဲ့ ကြုံတွေ့ခဲ့တာဖြစ်ပါတယ်။
ဗီဒီယိုမှာ စိတ်အနှောက်အယှက်ဖြစ်စရာ မြင်ကွင်းများ ပါဝင်ပါသဖြင့် ကြည့်ရှုသူများ ဆင်ခြင်သတိပြုပေးကြပါ။


 



Follow us on