1. Home
  2. Special or Others

ဇနီးကို စိတ်နာလို့ အရွယ်မရောက်သေးတဲ့ သမီးလေးကို ထိုးကြိတ်နေတဲ့ ဖခင်(ရုပ်သံ)

Special or Others ส.ค. 02, 2561 view 12,140

ပထမဦးဆုံး ပြောချင်တာကတော့ ယခုသတင်းနဲ့အတူ ပါရှိသော ဗီဒီယိုကိုကြည့်ပြီးရင် အကြီးအကျယ်ဒေါသထွက်ပါလိမ့်မယ်၊ ကလေးတွေကို ချစ်တတ်တဲ့သူဆိုရင် ဒီထက်ပိုပြီး ခံစားရပါလိမ့်မယ်။
ဒီအဖြစ်ပျက်ဟာ တရုပ်နိုင်ငံ ဂေါင်ဇီမြို့က ဟိုတယ်အခန်းတစ်ခုမှ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ ရုပ်သံဗီဒီယိုဟာ အွန်လိုင်းပေါ်ကနေတစ်ဆင့် ပျံ့နှံ့သွားခဲ့ပြီး ကြည့်ရှုမိသူတိုင်း စိတ်မကောင်းခြင်းများစွာ ဖြစ်ခဲ့ရပါတယ်။

ဗီဒီယိုမှာ အရွယ်မရောက်သေးတဲ့ လမ်းလျှောက်တတ်ကာစ မိန်းကလေးတစ်ဦးဟာ အပေါ်ပိုင်းမှာ အဝတ်အစားမပါပဲ ကုတင်ပေါ်မှာ ပက်လက်အနေအထားနဲ့ ရှိနေစဉ် ဖခင်ဖြစ်သူ အသက် ၂၆ နှစ်အရွယ်အမျိုးသားက ကလေးရဲ့ ရင်ဘတ်၊ ကျောပြင်တို့ကို လက်သီးနဲ့ အားရပါးရထိုးပါတယ်။

ကလေးက နာကျင်လွန်းလို့ “ဖေဖေရယ် သမီးကို မရိုက်ပါနဲ့” လို့ ငိုယိုတောင်းပန်ခဲ့ပေမယ့် ဖခင်ဖြစ်သူက တရပ်စပ် ဆက်ပြီးထိုးနေပါတယ်။
ကလေးက မခံနိုင်တော့တဲ့အဆုံး ကြိုးစားရုန်းထပြီး ဖခင်ဖြစ်သူကို လက်နဲ့ပြန်တွန်းဖယ်တဲ့အခါ အမျိုးသားက ကလေးကို လက်နဲ့ပြန်ကိုင်ပေါက်ပြီး ဆက်ထိုးနေခဲ့တာဖြစ်ပါတယ်။

တရုပ်မီဒီယာ သတင်းများအရ အဆိုပါအမျိုးသားမှာ သူ့ရဲ့သမီးလေးနဲ့အတူ သူ့ရဲ့ဇနီးဟောင်းကို ရှာဖို့ ဂေါင်ဇီမြို့ကို တက်လာခဲ့တာပါ။ သူတို့ဟာ ဟိုတယ်တစ်ခုမှာ အခန်းငှားပြီးနေကြစဉ် ညဘက်မှာ ဖခင်ဖြစ်သူက အရက်မူးပြီးပြန်လာစဉ် သမီးဖြစ်သူက ငိုယိုနေသဖြင့် ဒေါသထွက်ကာ ကလေးကို မညှာမတာ ထိုးကြိတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဗီဒီယိုကို ရည်ရွယ်ချက်ရှိရှိ ရိုက်ကူးထားပြီး ဇနီးဟောင်းထံသို့ အွန်လိုင်းကနေ ပေးပို့ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါအမျိုးသားအား ဂေါင်ဇီမြို့လုံခြုံရေးဗျူရိုမှ ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
 



Follow us on