တရုပ်နိုင်ငံ ယူနန်ပြည်နယ် အလယ်ပိုင်းက အဝေးပြေးအမြန်လမ်းမကြီး တစ်ခုမှာ ရှိနေတဲ့ လမ်းခွဲအဟောင်းတစ်ခု(ယခင်က တံတားဖြစ်ဟန်တူ)ဟာ မိုးပေါ်ကို ထိုးတက်နေပြီး ပင်မလမ်းကြီးရဲ့ အကွေ့နေရာမှာ ရှိတာကြောင့် မကြာခဏဆိုသလို ကားတွေလမ်းကြောင်းမှားပြီး မောင်းတက်သွားတတ်ပါတယ်။ ဒီရွာကို သေမင်းတမန်လမ်းလို့ နာမည်ပေးရမလောက်အောင် အန္တရာယ် အရမ်းများပါတယ်။
ဒီလောက်အန္တရာယ်များပြီး မိုးပေါ်ထောင်တက်နေတဲ့ လမ်းဟောင်းကြီးကို သက်ဆိုင်ရာက မဖြိုချပဲ လမ်းရဲ့အဆုံးမှာ ဧရာမပိုက်ကွန်ကြီးတစ်ခုကို ၂၀၁၅ ခုနှစ်မှာ စတင်စွပ်ပေးထားပါတယ်။ ဒီပိုက်ကွန်ကြီးဟာ အနည်းဆုံး လူ ၅ ဦးရဲ့ အသက်ကို ကယ်တင်ခဲ့ပြီးပါပြီ။
ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ကုန်အပြည့်နောက်တွဲပါတဲ့ ကုန်ကားတစ်စင်းဟာ အဲဒီသေမင်းတမန်လမ်းပေါ် တစ်ရှိန်ထိုး မောင်းတက်သွားပါတယ်။ ထိပ်ဆုံးအရောက်မှာ ကားခေါင်းတွဲအော်ပြုတ်ကျပြီး ယာဉ်မောင်းဟာ လေကုမှန်ကနေ ထွက်ကျခဲ့ပါတယ်။ ပိုက်ကွန်ကြီးခံထားလို့ အသက်မသေခဲ့ပေမယ့် ရှေ့လေကာမှန်နဲ့ရိုက်မိပြီး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီလမ်းမကြီးကို မဖြိုပစ်ပဲ လမ်းဆုံးမှာ ပိုက်ကွန်ခံပေးထားတဲ့ သက်ဆိုင်ရာတွေရဲ့ ရည်ရွယ်ချက်ကိုတော့ စဉ်းစားလို့ လိုက်မမီတော့ပါဘူး။