ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိပြီး ရိုးသားပွင့်လင်းတဲ့ စိတ်ထားပိုင်ရှင်လေး Beauty Blogger နေခြည်ဦးကတော့ လက်ရှိမှာ ဂျပန်နိုင်ငံကိုရောက်ရှိလို့နေပါတယ်။ ခြည်ခြည်ဟာ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး Skin Care brand ဖြစ်တဲ့ Shiseido ရဲ့ဖိတ်ကြားခံရမှုကြောင့် ဂျပန်နိုင်ငံကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ နေခြည်ဦးက သူမလိုပဲ Shiseido ရဲ့ဖိတ်ကြားခြင်းကိုခံရတဲ့ အာရှမှာနာမည်ကြီးကျော်ကြားပြီး ကိုရီးယားက Makeup Artist တစ်ယောက်ဖြစ်တဲ့ Pony နဲ့လည်းတွေ့ဆုံခဲ့ပါသေးတယ်။ Pony နဲ့တွဲပြီး ဓာတ်ပုံရိုက်ရဖို့ဟာ အင်မတန်ကို ခက်ခဲတယ်လို့ဆိုကာ သူမနဲ့တွဲရိုက်ခဲ့တယ့် ပုံလေးကိုလည်းမျှဝေထားပါတယ်။
“Asia Pacific တစ်ခုလုံးက social influencers တွေ ဒီ Shiseido ပွဲမှာ သူနဲ့ ဓါတ်ပုံရိုက်ရဖို့သွားတယ်။ သူ့ဖုန်းနဲ့ဘဲ တစ်နိုင်ငံကို နှစ်ပုံသုံးပုံ ပေးရိုက်တယ်။ GIGI ထက်တောင်ရိုက်ရဖို့ခက်သေးတယ်။ ပြန်ပေးတော့ အားလုံးပေါင်းမှ လေးပုံဘဲ ပါလာတယ်။ အဲ့ထဲမှာ နေခြည်ဦးနဲ့ သူ့အတွက်ပေးတဲ့ယွန်းဘူးလေးကို လက်မှာကိုင်ပေးတဲ့ပုံလေးပါလာတယ်။ ပြောပါတယ် .... ချစ်မွှေးတစ်နေရာရာမှာ ပါပါတယ်လို့” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်….
ဒါ့အပြင် ဂျပန်နိုင်ငံကိုရောက်ခိုက် ဂျပန်လူမျိုးတို့ရဲ့ ရိုးရာဝတ်စုံဖြစ်တဲ့ ကီမိုနိုဝတ်စုံလေးဝတ်ပြီး မြို့ထဲကိုလည်ပတ်နေတဲ့ ခြည်ခြည်ကတော့ ဂျပန်မလေးတစ်ယောက်လို ချစ်စရာကောင်းလွန်းနေပါတယ်။
“Shiseido ရဲ့ new makeup နဲ့ ရှက်သွေးဖြာနေတဲ့ ဂျပန်ရောက် မြန်မာမလေးပါ” ဆိုတဲ့ caption လေးရေးကာ တိုကျိုမြို့မှာ လည်ပတ်နေတဲ့ ဗီဒီယိုဖိုင်လေးကို တင်ထားတာဖြစ်ပါတယ်။ ခြည်ခြည်လေးရဲ့ ကီမိုနိုဝတ်စုံလေးနဲ့ ရှက်သွေးဖြာနေတဲ့ ဗီဒီယိုဖိုင်လေးကို ဝေမျှပေးလိုက်ပါတယ်နော်…