
သြဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းက ကမ္ဘာအေားဘုရားလမ်းမကြီးပေါ်က တက္ကသိုလ်ရိပ်သာလမ်း ဂုံးကျော်တံတား လမ်းခွဲ လမ်းကျဉ်းအဝင်နေရာမှာ အိမ်စီးယာဉ်တစ်စီးနဲ့ တက္ကစီတစ်စီးတို့ လမ်းတောင်းရာကနေ ပြဿနာစတင်ခဲ့ပါတယ်။
.png)
အဝင်လမ်းကျဉ်းနေရာကို တံတားပေါ်တက်ရန် လမ်းမပေါ်မှ အတင်းခေါင်းချိုးချကာ လမ်းလုသည့် တက္ကစီကို လမ်းပေးရန်မဖြစ်တော့သည့် အခြေအနေကြောင့် ဆက်လက်မောင်းလားသည့် အိမ်စီးကားကို တက္ကသိုလ်ရိပ်သာလမ်းပေါ်အရောက်တွင် တစ်ဖက်ယာဉ်ကျောမှ စည်းကမ်းမဲ့ကျော်တက်မောင်းနှင်ကာ အမီလိုက်ပြီး ကားရှေ့တွင် ပိတ်ရပ်ကာ ဆဲဆိုပြီး ကားပေါ်မှ ဆင်းခဲ့ရန် စိန်ခေါ်ခဲ့တာကို အဆိုပါ အိမ်စီးကားရဲ့ မှတ်တမ်းဗီဒီယိုမှ မှတ်တမ်းတင်ခဲ့သလို ယာဉ်မောင်းသူကိုယ်တိုင်လည်း ဖုန်းကင်မရာနဲ့ ကားထဲကနေ ရိုက်ယူခဲ့ပါတယ်။

တက္ကစီကားထဲကနေ ရှပ်အင်္ကျီလက်ရှည်အဖြူရောင် ဝတ်ထားတဲ့ လူတစ်ယောက် အင်္ကျီလက်ကို မတင်ကာ တက်တူးအပြည့်ထိုးထားတဲ့ လက်နဲ့ ဆဲဆိုသည့်အမူအယာ လက်ခလယ်ထောင်ပြသည့်အပြင်၊ လူမိုက်လား ဆင်းခဲ့ဟု စိန်ခေါ်မှုနဲ့အတူ ကားကိုသွားလို့မရအောင် ရှေ့ကပိတ်ရပ်ခဲ့ပြီး အခါခါ စိန်ခေါ်ခဲ့ပါတယ်။ ဒီဗီဒီယိုဟာ လူမှုကွန်ယက်ပေါ်ပျံ့နှံ့ခဲ့ပြီး ဝေဖန်သူတွေမျာပြားခဲ့ပါတယ်။


ရန်ကုန်မြို့ရဲ့ လမ်းတွေဟာ မလုံခြုံတော့ဘူးလား..? စည်းကမ်းမဲ့ ရမ်းကားသူတွေရဲ့ ခြိမ်းခြောက်မှု အောက်မှာ မှန်မှန်ကန်ကန်သွားလာနေကြတဲ့ လူတွေအတွက် တရားဥပဒေ မစိုးမိုးတော့ဘူးလား..? စသည်ဖြင့် မေးခွန်းထုတ်စရာတွေ ရှိလာခဲ့ပါတယ်။
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ် ဆိုသလို အဆိုပါ ယာဉ်မောင်းရဲ့ လုပ်ရပ်ဟာ အခြားရိုးသားဖြောင့်မှန်စွာ တက္ကစီမောင်းနေကြသူတွေရဲ့ ပံရြိပ်တွေကိုပါ ကျဆင်းစေပါတယ်။ ခရီးသွားပြည်သူတွေအနေနဲ့လည်း တက္ကစီငှားစီဖို့ ကြောတ်တဲ့စိတ်တွေ ပိုပြီးအမြစ်တွယ်လာနိုင်ပါတယ်။ ဒါဟာ ရှုထောင့်ပေါင်းစုံကနေ အလားအလာမကောင်းပါဘူး။
ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်နဲ့အတူ သက်ဆိုင်ရာ လူကြီးမင်းများ သိရှိနိုင်ရန် မျှဝေပေးလိုက်ရပါတယ်။
Video Credit:King Wuun Myat Kyaw
comment