1. Home
  2. Special or Others

ဝန်ထမ်းအပေါ် အကြပ်ကိုင်ပြီး ကာမကျူးလွန်လိုသူကို ပညာပေးလိုက်တဲ့ အလုပ်ရှင်

Special or Others ส.ค. 03, 2561 view 2,408

အွန်လိုင်းကနေတစ်ဆင့် အစားအသောက်များကို မှာယူခဲ့တဲ့ အမျိုးသားတစ်ဦးဟာ သူ့အတွက် လာပို့မည့်အလုပ်သမား၏ ဖုန်းကို မက်ဆေ့ပို့ကာ တစ်ညတာသူနဲ့နေပေးရမည်ဖြစ်ကြောင်း အဲဒီအတွက် ယွမ်ငွေ ၂၀၀ ပေးမည်ဖြစ်ကြောင်း၊ အကယ်၍ငြင်းဆန်ပါက အွန်းလိုင်းပေါ်မှာ ဝန်ဆောင်မှုအကောင်းကြောင်း ရေးသားပြီး နာမည်ဖျက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

အစားအစာပို့ပေးရမယ့် ဝန်ထမ်းက ဘာလုပ်ရမှန်းမသိဖြစ်နေပြီး နောက်ဆုံးမှာ သူ့ရဲ့အလုပ်ရှင်ကို အကျိုးအကြောင်း ဖွင့်ပြောလိုက်ပါတယ်။ အလုပ်ရှင်က ဒီကိစ္စကို သူရှင်းမယ်လို့ ပြောပြီးနောက် ပို့ရမယ့် အစားအသောက်များကို ယူကာအခြား ဝန်ထမ်းများနဲ့အတူ ထွက်လာခဲ့ပါတယ်။

မှာယူတဲ့အမျိုးသားရဲ့ အခန်းကို ရောက်တဲ့အခါ တံခါးခေါက်လိုက်ပါတယ်။ အမျိုးသားက တံခါးဖွင့်လိုက်တဲ့အခါ တစ်ယောက်ထဲမဟုတ်မှန်း တွေ့လိုက်ရပြီး အံ့သြသွားပါတယ်။ အဲဒီအချိန်မှာ အလုပ်ရှင်ဖြစ်သူက “ခင်းများ တစ်ယောက်ထဲနဲ့ မတင်းတိမ်မှာစိုးလို့ နောက်ထပ်လူတွေခေါ်လာတာလေ” လို့ အော်ငေါက်ပြောဆိုလိုက်တာကို ဗီဒီယိုမှာ တွေ့လိုက်ရပါတယ်။

ဗီဒီယိုထဲမှာ အင်္ကျီမပါပဲ ကုတင်ပေါ်ထိုင်နေသူအမျိုးသားက မက်ဆေ့ပို့ပြီး ခြိမ်းခြောက်ခဲ့သူဖြစ်ပါတယ်။
“မင်းလို ဂျယ်လိုလို မတ်လိုလိုနှာဘူးကောင်က ငါတို့လို ပစ္စည်းလိုက်ပို့တဲ့လူတွေကို အနိုင်ကျင့်လူပါးဝလို့ရမယ် ထင်နေလား” လို့ ဆက်ပြောတဲ့အခါ အမျိုးသားက မျက်နှာကို မကြည့်ရဲပဲ လွှဲထားတာကို တွေ့ရပါတယ်။
“အေး.. အွန်လိုင်းမှာ ဆားဗစ်မကောင်းကြောင်း မင်းရေးရဲရေးကြည့် ငါကိုယ်တိုင် မင်းခြေထောက်ကိုရိုက်ချိုးပစ်မယ်” ဟု အောင်ငေါက်ခဲ့ပါတယ်။

တရုပ်နိုင်ငံ နန်ချန်းပြည်နယ် ကျင်းဇီမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ အဆိုပါ အဖြစ်အပျက် ဗီဒီယိုဟာ တရုပ်နိုင်ငံလူမှုကွန်ယက်မှာ လတ်တလော ဝေဖန်မှဒအများဆုံး ရုပ်သံဖြစ်လို့နေပါတယ်။ အလုပ်ရှင်ရဲ့ အလုပ်သမားတွေရဲ့ အခက်အခဲကို လှလှပပ ကိုယ်စားတာဝန်ယူ ဖြေရှင်းပေးတဲ့ စိတ်ဓါတ်ကိုလည်း ဝိုင်းဝန်းချီးကျူးကြပါတယ်။ မြန်မာပြည်က အစားအစာလိုက်ပို့တဲ့ သူတွေရော အလားတူအဖြစ်မျိုး ကြုံဖူးကြလားဆိုတာ သိချင်ပါတယ်..။
 



Follow us on