1. Home
  2. Movie Stars - Celebrity

ရေဘေးကယ်ဆယ်ရေးစခန်းတွေကို စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့တဲ့ ငြိမ်းသော်

Movie Stars - Celebrity ส.ค. 08, 2561 view 1,455

တက်သစ်စ မော်ဒယ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ငြိမ်းသော်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ သဲသဲလှုပ်ချစ်ခင်အားပေးခြင်းကို ခံထားရသူဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ လူချောလေးတစ်ယောက်ဖြစ်ပါတယ်။ ကိုရီးယားဆန်တဲ့ရုပ်ရည်မျိုးကိုပိုင်ဆိုင်ထားပြီး နှစ်လိုဖွယ်အပြုံးလေးတွေနဲ့ ဆွဲဆောင်တတ်တဲ့ ငြိမ်းသော်က ရေဘေးကြောင့်ဒုက္ခရောက်နေကြသူများနားခိုရာ ကယ်ဆယ်ရေးစခန်းတွေကို စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်....

 

Online Donation အဖွဲ့နဲ့အတူပူးပေါင်းပါဝင်ကာ  မြိုင်ကလေးက ကယ်ဆယ်ရေးစခန်းတွေကို လိုက်လံလှူဒါန်းခဲ့တာဖြစ်ပါတယ်။ သြဂုတ်လ (၇)ရက်နေ့မှာ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး အလှူပုံရိပ်တွေကိုလည်း သူရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ဝေမျှထားပါသေးတယ်။

“ယနေ့ ၇ ရက်နေ့မှာ Online Donation Group နဲ့အတူ ဘားအံနဲ့သထုံကြားရှိ မြိုင်ကလေးမှ ကယ်ဆယ်ရေးစခန်း၉ ခုတွင် အိမ်ထောင်စု ၁၅၀၀ အတွက် သွားရောက်လှူဒါန်းဖြစ်ပါတယ်...
အနီးနားက ကျေးရွာများဖြစ်သော ကော့မူးသီး / အုံးရှစ်ကုန်းရွာ/ ကော့ရေး နဲ့တခြားရွာများအားလည်း ကားဖြင့် / လှေဖြင့် တဆင့်စီသွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်…. Yum Yum မိသားစုနဲ့ Xite အနီကောင်ကျွန်တော်လည်း ခေါက်ဆွဲခြောက်၅၀၀၀ ထုပ်အား အတူတူပေါင်း၍လှူဒါန်းခဲ့ပါသေးတယ်ဗျာ” ဆိုပြီး အလှူပုံရိပ်တွေကို မှတ်တမ်းတင်ရေးသားထားခဲ့တာ ဖြစ်ပါတယ်…

မော်ဒယ်သရုပ်ဆောင် ငြိမ်းသော်ဟာ ဒါရိုက်တာထူးပိုင်ဇော်ဦး ရိုက်ကူးထားတယ့် ည ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ကာ ထိုရုပ်ရှင်ဇာတ်ကားကြီးကလဲ ပရိသတ်များ ၀က်ဝက်ကွဲအားပေးခြင်း ခံရတဲ့အောင်မြင်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။

 

 

 



Follow us on