1. Home
  2. Movie Stars - Celebrity

အညာမြေမှာ ထန်းတက်နေတဲ့ ချန်ပီယံဖိုက်တာကြီး အောင်လအန်ဆန်း

Movie Stars - Celebrity ส.ค. 08, 2561 view 1,696

မြန်မာပရိသတ်တွေရဲ့ တစ်ခဲနက်ဂုဏ်ယူအားပေးခြင်းကို ရရှိထားတဲ့ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ MMA ကစားသမား ကမ္ဘာ့ချန်ပီယံကြီး အောင်လအန်ဆန်းကတော့ လက်ရှိမှာ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလို့နေပါတယ်။ အလုပ်ကိစ္စတွေကြောင့် ရောက်ရှိနေတာဖြစ်ပြီး မွေးရပ်မြေမြန်မာပြည်ကြီးကိုချစ်တဲ့ အောင်လအန်ဆန်းအဖို့ မြန်မာ့ရိုးရာဓလေ့တွေနဲ့ ပျော်မွေ့လို့နေပါတယ်။ အညာမြေကိုရောက်တုန်း ထန်းပင်တက်နေတဲ့ အောင်လက ဖိုက်တာတစ်ယောက်အတွက်တော့ ထန်းပင်တက်တာက ခက်ခဲတယ်လို့ဆိုပါတယ်။

“ဘဝဆိုတာ ခရီးတစ်ခုလိုပဲ။ အဲ့ဒီတော့ ကျွန်တော်တို့အားလုံး ကိုယ့်ရဲ့ အိပ်မက်နဲ့ပန်းတိုင်အတွက် ရှေ့ဆက် တက်နေဖို့ပဲလိုတယ်။ စကားမစပ်ထန်းပင်တက်တဲ့အလုပ်ကဖိုက်တာတွေအတွက်တော့

မလွယ်လှဘူး။ အောက်က စိုးလင်းဦးတို့ Rich တို့မျက်နှာတွေသာကြည့်တော့” ဆိုပြီး ရေးသားကာ ထန်းတက်နေတဲ့ ပုံရိပ်လေးကို မျှဝေထားပါတယ်…

ဒါ့အပြင် အောင်လအန်ဆန်းဟာ မြန်မာနိုင်ငံရဲ့ ခရီးသွားသံတမန်အဖြစ် ခန့်အပ်ခြင်းခံရဖို့အတွက် အကြမ်းဖျင်းသဘောတူညီမှု ရရှိထားပြီးဖြစ်တယ်လို့လဲ သိရပါတယ်… ကိုယ့်နိုင်ငံအတွက် တစ်ဖက်တစ်လမ်းကနေ ခရီးသွားသံတမန်အဖြစ်ဆောင်ရွက်ဖို့အတွက်လည်း စိတ်လှုပ်ရှားနေမိတယ်လို့ ဆိုထားပါသေးတယ်… အောင်လအန်ဆန်းကတော့ မြန်မာပရိသတ်တွေအတွက် အမြဲဂုဏ်ယူရတဲ့ စိတ်ထားကောင်းတဲ့ အားကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်နော်…

 



Follow us on