1. Home
  2. Movie Stars - Celebrity

ချစ်စရာကောင်းတဲ့သမီးလေးရဲ့ ပုံလေးတွေတင်လိုက်တဲ့ အေသင်ချိုဆွေ

Movie Stars - Celebrity ส.ค. 08, 2561 view 2,042

တစ်ချိန်က အနုပညာဂီတလောကမှာ အသည်းကွဲသီချင်းလေးတွေနဲ့ ပရိသတ်ရဲ့ရင်ထဲကို Aသင်ဆိုပြီးဝင်ရောက်ခဲ့တယ့် ချစ်စရာကောင်းတဲ့ အဆိုတော်မလေး အေသင်ချိုဆွေကတော့ အနုပညာလောကထဲကို ပြန်လည်ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ ခေတ္တခဏအလှမ်းဝေခဲ့စဉ်က ကိုယ်အလေးချိန်တွေတက်လာခဲ့တယ့် အေသင်က လက်ရှိမှာတော့ Gym ကစားပြီးဝိတ်လျှော့ကာ လှပပြီးချစ်စရာကောင်းတဲ့ ကောင်မလေးအဖြစ် ပရိသတ်တွေဆီကို တစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။

ဒါ့အပြင် အေသင်ဟာ သမီးလေးတစ်ယောက်နဲ့အတူ Single Mom ဘ၀ကိုဖြတ်သန်းနေသူတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။ ဒီနေ့မှာတော့ အေသင်ချိုဆွေက “ဘယ်လိုလုပ်ရမလဲ ကျမလိုဘဲ သူ အရမ်းတွေ လုပ်တတ်နေပြီ” လို့ဆိုကာ သမီးလေးရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာအမူအယာမျိုးစုံနဲ့ ပုံရိပ်လေးတွေကို သူမရဲ့ဖေ့စ်ဘွတ်ကနေ မျှဝေလိုက်တဲ့အခါမှာတော့ ပရိသတ်တွေက အေသင်ရဲ့သမီးလေးကို ချစ်မဆုံးဖြစ်နေကြပါတယ်။ အေသင်ကတော့ သူမကိုရော၊ သမီးလေးကို ၀ိုင်းချစ်ပေးကြတဲ့အတွက် ပျော်ရွှင်လို့နေပါတယ်။ ပရိသတ်ကြီးအတွက် ချစ်စရာကောင်းတဲ့ အေသင်တို့ သားအမိရဲ့ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်....

 



Follow us on