1. Home
  2. Myanmar News

ထိုင်းတွင် လူသတ်မှုနဲ့ ဖမ်းခံထားရသူ လူငယ်နှစ်ဦး မကြာမီပြန်လွတ်တော့မည်

Myanmar News ส.ค. 10, 2561 view 1,774

ထိုင်းနိုင်ငံ ရနောင်မြို့တွင် ဖြစ်ပွားခဲ့သော လူသတ်မှုတွင် အပြစ်ရှိသူများအဖြစ် စွပ်စွဲခံထားရသူများ မကြာမီ ပြန်လည်လွတ်မြောက်တော့မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် FED အဖွဲ့မှ သတင်းရရှိသည်။

သြဂုတ်လ ၉ ရက်နေ့က ထိုင်းဘုရင်မကြီး၏ မွေးနေ့အကြို၊ အမေများနေ့အထိမ်းအမှတ်အကြို အဖြစ် စူရတ်ဌာနီ လူငယ်ထိမ်းသိမ်းရေးစခန်းမှ လူငယ်အကျဉ်းသားများအား ဆွေမျိုးသားချင်းများနှင့် အဆောက်အဦးအတွင်းတွင် လွတ်လပ်စွာ လက်ခံတွေ့ဆုံခွင့်ရခဲ့သဖြင့် ထိမ်းသိမ်းခံထားရသည့် (၄)ဦးထဲမှ မောင်မိုးဇင်အောင်အား ၎င်းကောင်း၏ မိခင်ဖြစ်သူနှင့်အတူ FED အဖွဲ့မှ သွားရောက်တွေ့ဆုံခဲ့ကြသည်။

မိုးဇင်အောင်၏ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ထောင်အုပ်ချုပ်သူများပြောပြချက်အရ လိမ္မာတဲ့ကလေးဖြစ်ကြောင်းနဲ့ ဘောလုံးကစားထူးချွန်သူတဦးဖြစ်ကြောင်းလဲသိရပါတယ်။
တဆက်ထဲမှာပင် လူသတ်မှုနဲ့ ကလေးထောင်မှာ ထောင်ဒဏ်(၃) နှစ်ကျော်ကျခံနေခဲ့ရပြီး မကြာခင်ပြန်လွှတ်ပေးတော့မည့် မြန်မာနိုင်သား မောင်ထွန်းထွန်း(အမည်ရင်းမဟုတ်)အား မြန်မာပြည်သို့ပြန်လည်လွှဲပြောင်းရေးအတွက် ထောင်အာဏာပိုင်များမှ အကူအညီတောင်းဆိုသည့်အတွက်। မောင်ထွန်းထွန်းနှင့်လည်းတွေ့ဆုံမေးမြန်းခဲ့ပြီး သူ့အားပြန်လွှတ်သည့်အခါ မြန်မာပြည် နေရပ်ရင်းသို့ ပြန်လည်ပို့ဆောင်ပေးရေးအတွက် မြန်မာသံရုံး। ဆိုင်ရာ မြန်မာအာဏာပိုင်များနှင့်ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း FED အဖွဲ့ ကိုမင်းဦး က ပြောဆိုခဲ့သည်။
(မှတ်ချက်။  ။ လိပ်ကျွန်းအမှုမဟုတ်ပါ)

Source: Min Oo (FED)




 



Follow us on