1. Home
  2. Myanmar News

ရန်ကုန်မြို့ထဲ တိုက်ခန်းများကို လှည့်ပြီးဖိနပ်လိုက်ခိုးနေသောသူခိုး (ရုပ်သံ)

Myanmar News ส.ค. 10, 2561 view 1,777

ရန်ကုန်မြို့လည်ကောင်ရှိ နေအိမ်တိုက်ခန်းများပေါ်သို့ တက်ရောက်ကာ ဖိနပ်များကို လိုက်လံခိုးယူနေသော အမျိုးသားတစ်ဦးကို စီစီတီဗီကင်မရာဖြင့် အစအဆုံး ဖမ်းယူရရှိခဲ့သည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ၊ ၃၈ လမ်း အလယ်ဘလောက်၊ အမှတ် ၁၄၉ (ပထမထပ်)ရှိ သင်တန်းခန်းမတစ်ခု ရှေ့တွင် ချွတ်ထားသော ဖိနပ်များအား အနက်ရောင် တီရှပ်လက်ရှည်၊ ကာကီရောင်ဘောင်းဘီတို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက ဖိနပ်များကို ပလပ်စတစ်အိပ် အနက်ရောင်ထဲသို့ ခိုးယူကာ ထွက်သွားခဲ့ကြောင်း စီစီတီဗီမှတ်တမ်းများတွင် ထင်ရှားစွာတွေ့ရှိခဲ့ရသည်။

တိုက်ခန်းနေပြည်သူများအနေနဲ့ အောက်ထပ်တိုက်ခန်းအဝင်ဝ တံခါးများကို လုံခြုံရေးအရ သော့ခတ်ရန် လိုအပ်ပါတယ်။ အခန့်မသင့်လို့ ပက်ပင်းတို့မိတဲ့အခါ မလိုလားအပ်တဲ့ ရာဇဝတ်မှုတွေ ထပ်မံဖြစ်ပွားနိုင်လို့ သတိဝိရိယဖြင့် နေထိုင်ကြဖို့ အသိပေးပါရစေ..။

Video credit - Pinkrose Flower

 



Follow us on