1. Home
  2. Movie Stars - Celebrity

သူငယ်ချင်းတွေရဲ့ Birthday Surprise လုပ်ခြင်းခံခဲ့ရတဲ့ ချစ်သုဝေ

Movie Stars - Celebrity ส.ค. 10, 2561 view 1,930

ပြည်သူချစ် အနုပညာရှင်တစ်ဦးဖြစ်တဲ့ အဆိုတော် သရုပ်ဆောင်ချစ်သုဝေဟာ ယနေ့ သြဂုတ်လ (၁၀)ရက်နေ့မှာတော့ အသက် (၃၄)နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။ တစ်သားမွေး တစ်သွေးလှဆိုသလို အမြွှာသမီးလေးနှစ်ယောက်ရဲ့အမေဖြစ်တဲ့ ချစ်သုဝေကတော့ ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေဆဲပါ....

ဒီနေ့မှာကျရောက်တဲ့ သူမရဲ့မွေးနေ့လေးကိုတော့ သူငယ်ချင်းတွေဖြစ်ကြတဲ့ သရုပ်ဆောင်ခင်လေးနွယ်နဲ့ ဒီဇိုင်နာ မပုံ့တို့က Birthday Surprise လုပ်ပြီး မွေးနေ့လက်ဆောင်များပေးကာ မိသားစုနဲ့အတူ ကိတ်မုန့်ခွဲခဲ့ကြတာဖြစ်ပါတယ်။ မွေးနေ့မှာ ပျော်ရွှင်နေကြတဲ့ ချစ်သုဝေတို့မိသားစုပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

မင်းသမီးလေးချစ်သုဝေကတော့ သူမကိုယ်တိုင်လဲချစ်စရာကောင်းသလို သမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကလည်း ချစ်စရာကောင်းလွန်းတာကြောင့် လူတိုင်းရဲ့အသဲကျော်လေးတွေဖြစ်လို့နေပါတယ်။ သူမဟာ မိခင်ကောင်းတစ်ယောက်အဖြစ် သမီးလေးတွေကို ပြုစုစောင့်ရှောက်ရင်း အနုပညာအလုပ်တွေကိုလည်း လုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ဘ၀ကို သမီးလေးတွေအတွက်သာ အရိုးရှင်းဆုံးဖြတ်သန်းနေတာဖြစ်ပြီး အများကအားကျရတဲ့ ပျော်ရွှင်သာယာတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ချစ်သုဝေတို့မိသားစုလေးကတော့ လူတိုင်းကချစ်ရတဲ့ ပျော်ရွှင်စရာမိသားစုလေးပါပဲနော်....

 



Follow us on