1. Home
  2. Movie Stars - Celebrity

ပျော်ရွှင်စွာကျင်းပခဲ့တယ့် ရွှေကစ်လေးရဲ့ အသက်(၃၀)ပြည့်မွေးနေ့အလှူ

Movie Stars - Celebrity ส.ค. 10, 2561 view 1,509

မြန်မာနိုင်ငံရဲ့ထိပ်တန်းအနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ နိုင်ငံကျော်သရုပ်ဆောင်မင်းသမီးလေး ၀တ်မှုန်ရွှေရည်ကတော့ ဖြူဖွေးနုဖတ်တဲ့အသားအရည်နဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး နတ်သမီးလေးတစ်မျှလှပလွန်းသူလေးဖြစ်ပါတယ်။ သူမရဲ့ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့စိတ်ထားလေးနဲ့ ဟန်ပန်အမူအယာလေးတွေကြောင့်ပဲ ပရိသတ်တွေက သဲသဲလှုပ်အောင်ချစ်နေရသူလေးရွှေကစ်က ယနေ့သြဂုတ်လ (၁၀)ရက်နေ့မှ အသက်(၃၀)ပြည့်သွားပြီပဲဖြစ်ပါတယ်။

ကစ်လေးက သူမရဲ့မွေးနေ့ကို မှော်ဘီမြို့နယ်ရှိ အောင်ဇမ္ဗူတောရဘုန်းတော်ကြီးကျောင်းမှာ သံဃာတော်များကို နေ့ဆွမ်းနှင့် သင်္ကန်းများကပ်လှူခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် စိတ်ကျန်းမာရေးဆေးရုံနဲ့ ရေဘေးအတွက်လဲ အလှူငွေများလှူခဲ့ပါသေးတယ်။ အလှူအတန်းတွေပြုလုပ်ပြီးနောက်မှာတော့ သူမရဲ့ Fan တွေနဲ့အတူတူ မွေးနေ့ကိတ်ခွဲကာ ပျော်ရွှင်စရာကောင်းတဲ့မွေးနေ့လေးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ မွေးနေ့ညဘက်မှာလည်း ဘုရားသွားပြီး ဆီမီးများကပ်လှူပူဇော်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ထိပ်စီးပြောင်းသွားပြီဖြစ်တဲ့ ကစ်လေးကတော့ အသက်(၃၀)လို့ မထင်ရလောက်အောင် နုပျိုပြီးချစ်စရာကောင်းနေတုန်းပါပဲနော်။ ပြည်သူတွေချစ်ရတဲ့ ထိပ်တန်းမင်းသမီးလေးနှစ်ယောက်ဖြစ်တဲ့ ၀တ်မှုန်ရွှေရည်နဲ့ ဖွေးဖွေးတို့က ညီအစ်မ၀မ်းကွဲတော်သူများဖြစ်ကြပြီး ဖွေးစိန်လေးက သြဂုတ်လ (၉)ရက်နေ့က အသက်(၃၀)ပြည့်ခဲ့ကာ တစ်ရက်ကြီးတစ်ရက်ငယ်တဲ့ ညီအမတွေပဲဖြစ်ပါတယ်... နှစ်ယောက်လုံးကတော့ ကလေးလေးတွေလို ချစ်စရာကောင်းနေကြတုန်းပါပဲနော်...

 

Photos_Internet



Follow us on