1. Home
  2. Movie Stars - Celebrity

အရာရာထက်ပိုချစ်တတ်တဲ့ ချစ်သူလေးကိုရထားတဲ့ ရွှေမှုန်ရတီ

Movie Stars - Celebrity ส.ค. 13, 2561 view 1,627

သရုပ်ဆောင် မင်းသမီးရွှေမှုန်ရတီဟာ အသက်သာငယ်ပေမယ့် အနုပညာမှာတော့ ပညာမငယ်တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူမရဲ့ ပီပြင်လွန်းတဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ပရိသတ်တွေရဲ့အားပေးခြင်းကို ခံထားရပြီး ရိုးသားပွင့်လင်းတဲ့ စိတ်ထားလေးကြောင့်လည်း အချစ်တွေပိုနေရသူလေးဖြစ်ပါတယ်။

မကြာခဏဆိုသလို ညှို့အားပြင်း ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်တွေကို ပရိသတ်တွေကို မျှဝေလေ့ရှိတဲ့ ရွှေမှုန်လေးက လက်ရှိမှာပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးကိုပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ အချစ်သစ်ကြောင့်ပျော်ရွှင်နေတဲ့ သူမက ယခုတလော ချစ်သူရဲ့အကြောင်းလေးတွေကို စာဖွဲ့ကာပို့စ်လေးတွေ တင်လာတာကို တွေ့ရပါတယ်။ အရာရာထက်သူမကိုသာပိုချစ်တဲ့ ချစ်သူလေးရဲ့အကြောင်းကို ယခုလိုရေးသားထားပါတယ်။

“သူနဲ့စတွေ့ချိန်ကစအခုချိန်ထိတစ်စက္ကန့်လေးတောင်
သဲမျက်နှာအညိုးမခံခဲ့တဲ့ထိ
ထားတာ သူအရာရာထက်သဲကိုပိုချစ်လို့ပါဆိုတာ သူ့မျက်လုံးထဲကနေမြင်နေရတယ် CC” ဆိုပြီး သိပ်ချစ်တတ်တဲ့ချစ်သူလေးရထားတဲ့အကြောင်းကို ရေးသားထားတာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ရွှေမှုန်လေးအတွက် ၀မ်းသာပီတိဖြစ်နေကာ သူမရဲ့အချစ်သစ်က ဘယ်သူလေးလဲဆိုပြီးတော့လည်း သိချင်နေကြပါပြီ။ သူမရဲ့ မွေးနေ့မတိုင်ခင်က ချစ်သူနဲ့လမ်းခွဲပြတ်စဲခဲ့တယ့် ရွှေမှုန်လေးဟာ လက်ရှိသူမရဲ့အချစ်သစ်ကိုတော့ ပရိသတ်တွေကို ဘယ်သူဘယ်ဝါလို့ ချပြခြင်းတော့မရှိသေးပါဘူး….

 



Follow us on