1. Home
  2. Myanmar News

မြေသိမ်းခံရမှု ဘဝပျက်မတတ်နာကျင်ပေါက်ကွဲနေသည့် ကျောင်းသူလေးများ

Myanmar News ส.ค. 14, 2561 view 2,353

မြေကွက်တစ်ကွက်ထဲတွင် ပြေစာနှစ်ခုထွက်ကာ ပိုင်ရှင်နှစ်ဦး ဖြစ်နေသည့်အမှုကို တရားရင်ဆိုင်ကြရာမှ မြေစာရင်းဌါနနှင့် တရားရုံး၏ ဆုံးဖြတ်ချက်ကြောင့် ကျောင်းနေအရွယ် မိန်းကလေးနှစ်ဦးနှင့် မုဆိုးဖိုဖခင်ကြီးတို့ နွမ်းပါးသော မိသားစုသုံးဦးတို့ကို သက်ဆိုင်ရာက လာရောက်ဖယ်ရှားခဲ့မှု ဖြစ်စဉ်တစ်ခု သြဂုတ်လ ၁၃ ရက်နေ့က တောင်ငူမြို့တွင်ဖြစ်ပွားခဲ့သည်။

တောင်ငူမြို့နယ် ၄ မိုင်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ သပြေလှကျေးရွာရှိ မြေကွက်အမှတ် ၃၆ နှင့် ၃၈ အငြင်းပွားမှုကို ၂၀၁၄ ခုနှစ်ထဲက သက်ဆိုင်ရာမြေစာရင်းဌါနကို ဖြေရှင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ဖူးသော်လည်း ဖြေရှင်းပေးခြင်း မရှိခဲ့ကြောင်း သိရှိရသည်။
နောက်ဆုံး အမှုဖြစ်ကြကာ တရားနိုင်သူများက သက်ဆိုင်ရာဖြင့် လာရောက်သိမ်းယူစဉ် မိသားစု ၃ ဦး နေစရာနေရာမရှိ ဒုက္ခရောက်နေကြကြောင်း သိရှိရသည်။

ရုပ်သံပါအချက်လက်များအရ အလယ်တန်းကျောင်းနေအရွယ် ကျောင်းစိမ်းဝတ်စုံနှင့် မိန်းကလေးနှစ်ဦးမှာ မြေလာသိမ်းသည့်အချိန်တွင် ကျောင်းသွားခါနီးဖြစ်ဟန်တူပြီး ရရှိထားသော ဆုတံဆိပ်များအရ စာတော်သူများ ဖြစ်ကြောင်း ခန့်မှန်းသိရှိရသည်။ တာဝန်အရ လာရောက်ထိမ်းသိန်းရတဲ့ ရဲမေဖြစ်သူတောင် ကလေးတွေရဲ့အဖြစ်ကို စိတ်မကောင်းလွန်းလို့ မျက်ရည်ကျမိတာကိုပါ တွေ့မြင်ရပါတယ်။ အဆိုပါဖြစ်ရပ်အပေါ်  ဝေဖန်ပြောဆိုမှုများ ပြည့်နှက်လျှက်ရှိသည်။



 



Follow us on