1. Home
  2. Movie Stars - Celebrity

ချစ်သူအကြောင်း ပို့စ်တင်ရေးသားခဲ့ရာမှ ကောလဟာလ သတင်းများထွက်ပေါ်

Movie Stars - Celebrity ส.ค. 14, 2561 view 1,543

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေတဲ့ မင်းသမီးချောလေး ရွှေမှုန်ရတီကတော့ သူမရဲ့ပီပြင်လွန်းတဲ့သရုပ်ဆောင်ချက်တွေနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို အပြည့်အ၀ရရှိထားသူလေးပါ။ ရွှေမှုန်လေးဟာ လတ်တလောမှာ ပျော်ရွှင်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတယ်ဆိုတာ သူမတင်တဲ့ပို့စ်လေးတွေကနေ ပြသလို့နေပါတယ်။ သူမရဲ့အချစ်သစ်ကို ပရိသတ်တွေကြား ဘယ်သူဘယ်ဝါချပြခြင်းတော့ မရှိသေးပေမယ့် ချစ်သူကသူမကို အရမ်းချစ်ပြီး ဂရုစိုက်တဲ့အကြောင်းကိုတော့ ပရိသတ်တွေသိအောင် ယခုတလော ပို့စ်လေးတွေတင်ကာ ချပြလေ့ရှိပါတယ်။

“သူနဲ့စတွေ့ချိန်ကစအခုချိန်ထိတစ်စက္ကန့်လေးတောင် သဲမျက်နှာအညိုးမခံခဲ့တဲ့ထိ
ထားတာ သူအရာရာထက်သဲကိုပိုချစ်လို့ပါဆိုတာ သူ့မျက်လုံးထဲကနေမြင်နေရတယ်CC”  ဆိုပြီး အရမ်းချစ်တတ်တဲ့ ချစ်သူရဲ့အကြောင်းကို ရေးထားတာဖြစ်ပါတယ်။

ချစ်သူက သူမရဲ့ပုံလေးကို Computer မှာ Wallpaper အဖြစ်တင်ထားတဲ့အတွက် အလွန်ကိုပျော်ရွှင်နေပြီး ချစ်စရာကောင်းတဲ့ချစ်သူလေးရထားကြောင်း “Computer  wallpaper…. Awwwwn how sweet he is?” ဆိုပြီး စာသားလေးနဲ့အတူ ပုံလေးတင်ထားကာ ပရိသတ်တွေကို ဝေမျှထားတာဖြစ်ပါတယ်။

ရွှေမှုန်လေး ထိုပို့စ်ကို တင်ပြီးနောက်မှာတော့ အွန်လိုင်းသုံးစွဲသူ ပရိသတ်တွေကြားမှာ အနုပညာရှင်တစ်ယောက်နဲ့ ချစ်သူဖြစ်နေတယ်ဆိုပြီး ကောလဟာလတွေလည်း ထွက်ပေါ်လို့လာပါတယ်။ လူပြောများ စိတ်ဝင်စားနေကြတဲ့ ထိုသတင်းဟာ အမှန်ဟုတ်မဟုတ်ကိုတော့ ပရိသတ်ကြီးကပဲ ဆုံးဖြတ်ပေးသွားကြပါဦးနော်....

 



Follow us on